Skip to main content

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ၄၅၂၄  ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်  စက်တင်ဘာ  ၁၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း  ကြီးကြပ်ရေးကော်မတီအနေဖြင့်    စားအုန်းဆီ    ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်  ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍         ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့်     အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို  ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း    ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာ ၁၁  ရက်မှ     စက်တင်ဘာ  ၁၇  ရက်အထိ ရန်ကုန်အထိုင်ဈေး      အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင်    ၄၅၂၄  ကျပ်ဖြစ်ကြောင်း   ထုတ်ပြန် ကြေညာထားသည်။

ထို့ပြင်     ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊   ဈေးကစားရန်    ရည်ရွယ်ချက်ဖြင့်   သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို  စားသုံးသူရေးရာဦးစီးဌာန၏  Website:  www.doca.gov.mm၊    Facebook   Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏       Facebook    Page တွင်    ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း    သိရသည်။

သတင်းစဉ်