တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့မှ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ အကြမ်းဖက်သမားများသည် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုအပေါ် စော်ကားသည့် လုပ်ရပ်များအား မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)