၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်
၁။ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဆင်းတုတော်များအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကြမ်းဖက်သောင်းကျန်းသူများက ဗုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖြိုချဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်လုပ်ရပ် ပေါင်းစုံကိုပြုလုပ်လျက် ရှိသည်။
၂။ ထိုသို့ ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်