၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်
လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ရာ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓ ဆင်းတုတော်များအား ရိုင်းစိုင်းစွာ ဖြိုချဖျက်ဆီးလျက်ရှိပြီး ယခု အခါ၌လည်း TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား ဘက်ဟိုးဖြင့် ဖြိုချ ဖျက်ဆီးကာ စေတီအတွင်း၌ ဌာပနာထားသည့် ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာ၊ သာသနာအပေါ် မိုက်ရိုင်း စော်ကားသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ဆောင် ချက်များအပေါ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အလုပ်အမှုဆောင်အဖွဲ့