Skip to main content

ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)သဘောထားထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဖြိုချဖျက်ဆီးနေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ကြားသိနေရပြီး ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာ၊ သာသနာတို့အား ယုတ်မာရိုင်းစိုင်းစွာ စော်ကားနေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များကို ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)မှ လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်

(အောက်မြန်မာပြည်)