၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်
၁။ ဗုဒ္ဓဘာသာဝင်များကိုးကွယ်သည့် ဘုရားစေတီများအား ဖြိုချဖျက်ဆီးခြင်း၊ ဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများယူဆောင်ခြင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ကြားသိနေရပါသည်။
၂။ ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်ရာ ဘာသာ၊ သာသနာကို လှောင်ပြောင်စော်ကားခြင်းနှင့် သာသနာဖျက်ဆီးခြင်း များအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)က အကြမ်းဖက်အဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)