၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်
လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကိုးကွယ်သည့် ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရား ရှိခိုးကျောင်းများကို ရိုင်းပြစော်ကားသည့်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီတော်အား TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ယခုလအတွင်းတွင် ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီး ဌာပနာထားသည့်ပစ္စည်းများကိုယူဆောင်သွားခဲ့ကြောင်း တွေ့မြင်ကြားသိနေရပါသည်။
ယခုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဘုရား၊ စေတီပုထိုးများအား ဖျက်ဆီးမှုများအား သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်က လုံးဝလက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်