Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထားထုတ်ပြန်ချက်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်

၁။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ကိုးကွယ်နေသည့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဆင်းတုတော်များကို အကြမ်းဖက်သောင်းကျန်းသူအချို့က ဖြိုချဖျက်ဆီးမှု များ ပြုလုပ်ခဲ့ကြောင်း စိတ်မချမ်းမြေ့ဖွယ် သိရှိခဲ့ရပါသည်။

၂။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဗုဒ္ဓဘာသာဝင်များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးဆိုင်ရာ အထင်ကရနေရာများအား အကြမ်းဖက်ဖျက်ဆီးမှုပြုလုပ်ခဲ့သည့် အဆိုပါ လုပ်ရပ်အပေါ် လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိပါသည်။

၃။ ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်ရာ သာသနိကအဆောက် အဦများနှင့် ဘုရား စေတီပုထိုးများကို ဖျက်ဆီးသည့်လုပ်ရပ်သည် ဘာသာတရားတစ်ခု၏ ကိုးကွယ်ယုံကြည်မှုကို ရိုင်းပြစော်ကားသည့် လုပ်ရပ်အဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ရှုမြင်သုံးသပ်ပါကြောင်းနှင့် အဆိုပါလုပ်ရပ်အပေါ် လုံးဝလက်မခံနိုင်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ