၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်
ဗုဒ္ဓဘာသာဝင်များ ယုံကြည်သက်ဝင်ကိုးကွယ်ပူဇော်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေး ဆိုင်ရာ အဆောက်အဦများကို ဖြိုချဖျက်ဆီးပြီး ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ထားသည့် ရတနာပစ္စည်းများအား ယူဆောင် သွားသည်ကို တွေ့ရှိရသည်။
ယခုကဲ့သို့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဘာသာ၊ သာသနာအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ များကို ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်းက လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း