၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ရိုင်းစိုင်းစွာ ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျက်ရှိပြီး ယခု အခါတွင်လည်း TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင် တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် သက်တမ်းရှည် စေတီတော်တစ်ဆူ အား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီတော်အတွင်း ဌာပနာ ထားသည့်ပစ္စည်းများကို ယူဆောင်သွားကြကြောင်း ကြားသိရပါ သည်။
ဘာသာပေါင်းစုံ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသော မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်ရာ ဘုရား၊ စေတီ၊ ပုထိုးများအား ဖျက်ဆီးခြင်းသည် ဘာသာရေးအရ ကိုးကွယ် ယုံကြည်မှုကို ရိုင်းပြစော်ကားသည့် လုပ်ရပ်ဖြစ်သဖြင့် ထိုကဲ့သို့ ဖျက်ဆီးမှုများ လုပ်ဆောင်နေသည့် စစ်သွေးကြွလက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များအားလုံးကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့က ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့