Skip to main content

အကောက်ခွန်ကုန်လှောင်ရုံအတွင်း သိုလှောင်ခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စု စာရင်းထုတ်ပြန်

နေပြည်တော် မေ ၃၀

အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းသိုလှောင်ခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စုစာရင်းကို ယနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန် သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ (၂ / ၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။

ကျန်းမာရေးကဏ္ဍတွင် ဆေးဝါးအလုံအလောက်ရရှိစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်၏ လျှပ်စစ်သုံးယာဉ် တိုးတက်အသုံးပြုမှုကို အထောက်အကူပြုနိုင်စေရေးအတွက်လည်းကောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း လိုအပ်မှုကို အချိန်တိုအတွင်း ထုတ်ယူအသုံးပြုနိုင်စေရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ ဆေးဝါး၊ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ စက်မှုလုပ်ငန်း သုံး ဓာတုကုန်ကြမ်းပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား အကောက်ခွန်ကုန်လှောင်ရုံ တွင် ထည့်သွင်းခွင့်ပြုသွားမည်ဖြစ်သည်။

အဆိုပါ ကုန်ပစ္စည်းများကို အကောက်ခွန်ကုန်လှောင်ရုံတွင် ထည့်သွင်းခွင့်ပြုခြင်းအားဖြင့် ပြည်တွင်းအငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရန် အထောက်အကူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်