Skip to main content

ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခြင်း

ရက်စွဲ ၂၀၂၄ ခုနှစ် ဇွန်လ (၅) ရက်

တနင်္သာရီတိုင်း ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းတွင် (၄ - ၆-၂၀၂၄) ရက် ၁၂:၃၀ နေ့လယ်ထမင်းစားချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၁) ဦး သေဆုံးပြီး ကလေးငယ် (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ အေးချမ်းစွာ ပညာသင်ကြားနေသော လူမမည်ကျောင်းသား ကလေးငယ်များအား လူမဆန်စွာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်နှင့် အကြမ်းဖက်အဖွဲ့များအား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)