Skip to main content

လွှတ်တော်ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်းအသိပေးကြေညာခြင်း

၁။         ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စီးပွားချောင်ကျေးရွာအုပ်စု၊ ရှော်ချောင်း ကျေးရွာနေ အလယ်တန်းပြဆရာမ ဒေါ်မိုးမြတ်သူဇာသည် ၃၀-၁၀-၂၀၂၀ ရက်နေ့၌ စီးပွားချောင်ကျေးရွာ အုပ်စုတွင် ကြိုတင်ဆန္ဒမဲတစ်ကြိမ် ပေးခဲ့ပြီး၊ ၃၁-၁၀-၂၀၂၀ ရက်နေ့၌ မယ်တလိုင်းကျေးရွာအုပ်စုတွင် ကြိုတင် ဆန္ဒမဲနောက်တစ်ကြိမ် ထပ်မံပေး ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၂။         ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မ ရပ်ကွက် မဲရုံ အမှတ်(၂)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၏ မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်း (ခ) မပဲပြားမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားခြင်းမဟုတ်သည့် အမှန်ခြစ် တံဆိပ်တုံးကိုပေးအပ်ခဲ့ပြီး ဒုတိယမဲရုံမှူး ဒေါ်တင်တင်ဝင်းမှ  အဆိုပါ တံဆိပ်တုံး အား ယူဆောင်လျက် မဲဆန္ဒရှင် (၃) ဦးတို့ကိုဆန္ဒပြုစေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ပါသည်။

၃။         အထက်ဖော်ပြပါဖြစ်စဉ်များကိုကျူးလွန်ခဲ့သည့် ကြိုတင်ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သူ ဒေါ်မိုးမြတ်သူဇာနှင့် အမှန်ခြစ်တံဆိပ်တုံးအတုယူဆောင်ပေးအပ်ခဲ့သူ ဒေါ်အေးမာဝင်း (ခ) မပဲပြားတို့ကိုသက်ဆိုင်ရာက လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ပါပြဋ္ဌာန်းချက်များနှင့် အညီအမှုဖွင့်အ ရေးယူထားကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်