Skip to main content

Jul 28, 2026

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ ပူးပေါင်းကျင်ပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) နှင့် ဂျပန်နိုင်ငံ Ingo Peace အဖွဲ့တို့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏက ဆုတောင်းပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘာသာကြီး (၄) ခုတို့က မေတ္တာပို့ဆုတောင်းခြင်း၊ နှစ်မိနစ်ငြိမ်သက်၍ ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၁) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

မြန်မာ - လာအို နှစ်နိုင်ငံပြည်သူများနှင့် အခြားနိုင်ငံသားများအတွက် နှစ်နိုင်ငံ ဝင်၊ ထွက် သွားလာရေး ခွင့်ပြုဆောင်ရွက်ပါက လိုအပ်မည့်လုပ်ငန်းအခြေအနေများကို ကြိုတင်မြော်တွေး ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှု စစ်ဆေးရေးဂိတ်ကို ကြည့်ရှုစဉ် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်း ဦးဝေယံ (၄၀) နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ယာဉ်မောင်းအကူ ဦးဇော်ဦး (၃၉) နှစ်နှင့် ခရီးသည် ၂၃ ဦးတို့ လိုက်ပါလာသည့် “ငွေလမင်း” ခရီးသည် တင်မော်တော်ယာဉ်သည် မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ရှစ်ဦးခန့်က မော်တော်ယာဉ်အား တားဆီး၍ ယာဉ်ပေါ်ပါခရီးသည်များအနက် ကိုအေးမင်းစိုး (အသက် ၃၀) အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ရုံးပင်ချောင်ကျေးရွာနေ ဦးကြည်သိန်း (၅၇) နှစ်သည် ယနေ့နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် ကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ လယ်ကွင်းသို့ ခြေကျင်သွားရောက်စဉ် အဆိုပါလယ်ကွင်းအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် မင်္ဂလာဒုံမြို့နယ်၌ နေထိုင်သည့် အသက် (၂၅) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သစ်စက်တွင် အလုပ်လုပ်နေစဉ် ပြတ်တောက်သွားသော လက်ညှိုးကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် နိုင်ငံတကာမီဒီယာများသည် ပေါင်စန်းဒေသ ဖွံ့ဖြိုးတိုးတက်မှု လေ့လာရန် ပေါင်စန်းမြို့သို့ ယနေ့ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ကျောင်းကျန်းမာရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်နှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများအားလုံးတွင် ဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် (Student Health Record Card) အား Grade (6) မှ Grade (12) အလယ်တန်းနှင့် အထက်တန်းအထိ မှတ်တမ်းမှတ်ရာများ တိုးချဲ့ဆောင်ရွက်ရန် စီမံချက်များ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဆယ်ကျော်သက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးကော်မတီ အဆင့်ဆင့်ကို ပြန်လည်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း၍ ကျေးလက်ဒေသအောက်ခြေအထိ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်‌ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များတွင် ပညာရေးဝန်ကြီးဌာနအပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းကဲ့သို့သော အဖွဲ့များနှင့်ပူးပေါင်း၍ အားဖြည့်ဆောင်ရွက်ရေး၊ ကျောင်းသားလူငယ်များ ကိုယ်လက်လှုပ်ရှားအားကစား ပိုမိုဆောင်ရွက်စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများ၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည်တို့နှင့်ပတ်သက်၍ အသက်အရွယ်အလိုက် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းကို ပိုမိုဆောင်ရွက်ရေး၊ ဩဂုတ်လ ဒုတိယအပတ်တွင် ကျင်းပမည့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ရန်ကုန် - မော်လမြိုင် ပြေးဆွဲလျက်ရှိသည့် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံလက်တန်းများပေါ်တွင် ထိုင်ခြင်းနှင့် လျှောက်လမ်းများတွင် ပိတ်ဆို့၍ ထမင်းဝိုင်းဖွဲ့စားသောက်ခြင်းများ ပြုလုပ်ခဲ့သူများကို မော်လမြိုင်မြို့မရဲစခန်း၌ (ပ)၁၂၉/၂၀၂၆၊ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၈ (က) ဖြင့် အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်မြောက်ပိုင်း) ကမ်းခြေတို့တွင် ဖြစ်ပေါ်ခဲ့သော အားကောင်းသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေကို ဟယ်လ်ဒီယာမြို့အနီးမှ စတင်ဖြတ်ကျော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို ယနေ့နံနက်ပိုင်းက အိမ်အမိုးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ၌ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများအား ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုနယ်ပယ် ငါးရပ်ကို အဓိကထား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း အဆိုပါကျောင်းဖွင့်ပွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 28, 2026

​​​​​​​၁။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား ကျောင်းသူများကို ကျောင်းပြင်ပ မူလတန်းပညာရေး-NFPE တွင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိသူများအားလည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး-NFME တွင် အသက် ၁၃ နှစ်မှ အသက် ၂၁ နှစ်အတွင်းရှိသူများအားလည်းကောင်း အတန်းနေရာချထားစစ်ဆေးမှု (Placement Test) အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သတ်မှတ်၍ မူဝါဒများနှင့်အညီ စိစစ်လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်