Skip to main content

ကံ့ကော်တောသမိုင်း

ရှေးယခင်နှစ်ပေါင်းများစွာက ဤမြကျွန်းသာမြေသည် ပဲခူးရိုးမတောင်ဘက်စွန်းစွန်း တောတောင်ထူထပ် ပန်းစုံပင်စုံပေါက် ရောက်ရာ တောရိုင်းမြေအဖြစ် ရှိခဲ့ပေလိမ့်မည်။ ယခု အင်းလျားကန် မြောက်ဘက်ကမ်းနှင့် တက္ကသိုလ် တောင်ဘက်ကမ်းတို့သည် ထိုအချိန်က လျှိုနံရံများ ဖြစ်ပေမည်။ မြောက်ဘက်လျှိုနှင့် တောင်ဘက်လျှိုကြား အလျားလိုက် အင်း၊ အိုင်၊ ရေကန်များဖြင့် သဘာဝကျကျ ရှိနေပေမည်။ ကိုလိုနီခေတ်ဦး အုပ်စိုးသူများအနေဖြင့် ရန်ကုန်၌နေထိုင်သူ ဦးရေနည်းပါးစဉ် ကန်တော်ကြီးကိုဆယ်၍ သောက်သုံးရေ ဖြန့်ဝေပေးခဲ့ကြသည်။ ထိုမှတစ်ဆင့် လူဦးရေများပြားလာချိန်မှာ ဖော်ပြပါ မြောက်ဘက်လျှို (ယခုမေခ၊ မလိခဘက်) နှင့် တောင်ဘက်လျှို (ယခုတက္ကသိုလ်ဘက်) နှစ်ခုကြား အလျားရှည်စွာ တည်ရှိသော အင်းများ၊ အိုင်များ၊ ရေကန်များကို အနောက်ပြည်လမ်းဘက်မှ လည်းကောင်း၊ အရှေ့ ရန်ကင်းဘက်မှ လည်းကောင်း နှစ်ဖက်ပိတ်ဆည်အဖြစ် ဗြိတိသျှတို့က တည်ဆောက်ပြီး ရန်ကုန်မြို့ကြီးအား သောက်သုံးရေ ဖြန့်ဝေပေး ခဲ့ကြသည်။ နောင်တွင် အလျားရှည်စွာသော အင်းရေပြင်ကြီးသည် ကံ့ကော်တောသမိုင်းဖြစ်စဉ်ရှိ အင်းလျားကန်ကြီးအဖြစ် မြကျွန်းသာနယ်၌ ထင်ရှားလျက်ရှိနေပေသည်။

ပင်စုံ၊ ပန်းစုံရှိရာ စိမ်းလန်းစိုပြည် ဤနယ်၊ ဤမြေတွင် တိုက်ခတ်လှုပ်ရမ်းလာ သော လေပြည်လေညင်းကို ရှူရှိုက်မိပြီဆိုမှ တော့ အာရုံအားသစ်ဖြစ်ပေါ်မှုနှင့်အတူ စိတ်ဓာတ်ရွှင်လန်းမိကြသည်မှာ ဧကန်ပင် ဖြစ်ပေလိမ့်မည်။ ဤအင်းလျားရေကန် တောင်ဘက်ကမ်း တက္ကသိုလ်မြေပေါ်တွင် သစ်ပုပ်၊ ကံ့ကော်၊ စိန်ပန်း၊ ငုဝါ၊ ရေတမာ၊ သစ်တို၊ သရက်၊ မရန်း၊ ကုက္ကို စသည့်အပင်စုံ ပေါက်ရောက်လျက် စိမ်းလန်းစိုပြည် အလှ တွေ ဝေနေ၍လည်း အေးမြသာယာလှပသော ဆွတ်ပျံ့ဖွယ်ရာ သီးခြားကမ္ဘာလေးတစ်ခုဟု တင်စားရနိုင်သည်။ သို့ဖြစ်ရာ စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ အသီးသီးတို့သည် “မြကျွန်းသာ” ၊ “ကံ့ကော်တော” ၊ “ပန်းလှတာ'၊ “နံ့သာကျွန်း” စသည်ဖြင့် ကံ့ကော်ပွင့်ရာ မြကျွန်းသာကို အမည်နာမအမျိုးမျိုး တင်စား သမုတ်၍ ကံ့ကော်တောသမိုင်း လှစေသည်။

မြကျွန်းသာ မတွင်မီ ရှေးပဝေသဏီက ဤမြေ၊ ဤရပ်သည် သဘာဝအလျောက် ပေါက်ရောက်သော မရန်း၊ သစ်ပုပ်၊ သရက်၊ ကုက္ကို စသည်ဖြင့် အပင်ပေါင်းစုံ လွှမ်းနေသည့် တောနက်ကြီးတစ်ခု ဖြစ်တည်ခဲ့သည်။ သက်ရှိ သတ္တဝါ တိရစ္ဆာန်မျိုးစုံ ခိုအောင်းနေရာလည်း မည်သည်။ မြေဧရိယာဧက ၄၀၀ ဝန်းကျင် ရှိသည့် မြကျွန်းမြေ၌ သစ်ပင်မျိုးစိတ်မျိုးစုံ သုံးသိန်းလောက် ပေါက်ရောက်သည်ဟု ပညာရှင်များ မှတ်တမ်းပြုခဲ့ကြသည်။ ဤမြကျွန်း မြေပေါက် တောနက်ကြီးကို ခုတ်ထွင်ရှင်းလင်း ၍ ယူနီဗာစီတီကောလိပ် တည်ဆောက်ရန် အကြောင်းတိုက်ဆိုင်လာခဲ့သည်။

ကိုလိုနီခေတ် ဗြိတိသျှအာဏာပိုင်တို့ သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့ ရန်ကုန်တက္ကသိုလ်အက်ဥပဒေ (The Rangoon University Act)oh sawunge: ကာ အဆိုပါ တောနက်ကြီးကို ဖယ်ရှား၊ မြေညှိ၊ လမ်းဖောက်၍ တက္ကသိုလ်အင်္ဂါရပ် နှင့်ညီသည့် တိုက်တာအဆောက်အအုံများ ဖြစ်သည့် တက္ကသိုလ်ဆိုင်ရာ အဆောက်အအုံ များကို စတင်ဆောက်လုပ်ခဲ့ကြသည်။

ယနေ့ ပြည်လမ်းမကြီး အရှေ့ဘက် လမ်းဘေးရှိပြည်ဆောင်နှင့် တကောင်းဆောင် နှစ်ဆောင်ကို ၁၉၂၂ ခုနှစ်ဝန်းကျင်က စတင် ဆောက်လုပ်ပြီး ၁၉၂၄ ခုနှစ်တွင် ပြီးစီးခဲ့ သည်။ ထိုနှစ်ဆောင်သည်သစ်သားကိုယ်ထည် ဖြင့် ပုံစံတူ ညီနောင်ဆောင်များ ဖြစ်ကြသည်။ ထပ်မံ၍ သစ်သားဆောင်အဖြစ် ပုဂံဆောင်ကို ၁၉၂၆ ခုနှစ်အပြီး ဆောက်လုပ်ခဲ့ပါသည်။ ယနေ့ ရန်ကုန်တက္ကသိုလ် ဖြစ်လာမည့် ယူနီဗာစီတီကောလိပ် အဆောက်အအုံနှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ် အဆောက် အအုံများ ဆောက်လုပ်ရန်အတွက် မြေနေရာ ရှင်းလင်းခဲ့သည်။ ဆက်လက်၍ ဧက ၄၀၀ ရှိ မြေပေါ်တွင် အခြားသော တက္ကသိုလ်ဆိုင်ရာ အဆောက်အအုံများအတွက်လည်း ရှင်းလင်းခဲ့ကြသည်။ ဤသို့ဖြင့် ယူနီဗာစီတီကောလိပ်၊ ဂျပ်ဆင်ကောလိပ်၊ တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက် အအုံ၊ တက္ကသိုလ်အားကစားရုံ၊ တက္ကသိုလ် ဆေးရုံ၊ အင်းဝဆောင်၊ အင်းလျားဆောင်၊ ဥတ္တရဆောင် (North Hall) ၊ ဝယ်လင်တန် ဆောင်နှင့် ဘင်တန်ကျောင်းဆောင်များကို ဆောက်လုပ်သည်။ ဥတ္တရ၊ ဝယ်လင်တန်နှင့် ဘင်တန်အဆောင်တို့သည် ဂျပ်ဆင်ကောလိပ် ဆောင်များ ဖြစ်ခဲ့ကြသည်။ နောင်တွင် သီရိ၊ ရွှေဘို၊ ဒဂုံဆောင်များ ဖြစ်လာသည်။ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကိုလည်း တစ်ဆက်တည်း ဆောက်လုပ်ခဲ့သည်။ မရှေး မနှောင်းမှာပင် ပါမောက္ခနှင့် ကထိကအိမ်များလည်း ဆောက်လုပ်ခဲ့သည်။

တက္ကသိုလ်အားကစားကွင်း မဖောက် လုပ်မီ ယခုတောင်ငူဆောင်နှင့် ဒဂုံဆောင် ကြားတွင် ဘောလုံးကစားကွင်းကြီးတစ်ခု ရှိခဲ့သည်။ ဆက်လက်၍ ဧက ၄၀၀ အတွင်း တွင် တက္ကသိုလ်ဘောလုံးကွင်း ၁၀ ကွင်းနှင့် တင်းနစ်ကွင်းများ တည်ဆောက် ခဲ့သည်။ ရေကူးကန်နှင့် လှေလှော်အသင်းနေရာများ ကို တည်ဆောက်ခဲ့သည်။ ။

ဤသို့ဖြင့် တက္ကသိုလ်နယ်မြေသည် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်လောက်မှ စတင် အသက်ဝင်သော်လည်း ၁၉၃၁ ခုနှစ်အထိ အနေအထိုင် မကျသေးပေ။ ဤကာလ အတွင်း အဓိပတိလမ်း၊ တက္ကသိုလ်ရိပ်သာ လမ်း၊ စစ်ကိုင်းလမ်း၊ ဘွဲ့နှင်းသဘင်လမ်း၊ အင်းလျားလမ်းတို့ကို ဖောက်လုပ်၍ပြီးခါစ အချိန်တွင် တက္ကသိုလ်အာဏာပိုင်တို့သည် နယ်မြေစိမ်းလန်းစိုပြည်ရေးအတွက် စိန်ပန်း ပင်များ၊ ကံ့ကော်ပင်များ၊ ငုဝါပင်များ၊ ရေတမာပင်များ စသည့်ပန်းပင်မျိုးစုံကို စိုက်ပျိုးခဲ့ကြသည်။ ထိုကာလ၊ ထိုအချိန် တွင် သိပ္ပံဆောင် အဆောက်အအုံရှေ့မျက်နှာစာ တွင် သစ်ပုပ်ပင် ပျိုပေါက်ရောက် ရပ်တည် လျက်သားရှိပေသည်။

၁၉၃၂ ခုနှစ် ဆောက်လုပ်ပြီးစီးသော တက္ကသိုလ်သမဂ္ဂအဆောက်အအုံအတွင်း ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်များ လှုပ်ရှားစပြုလာသည်။ သို့ရာတွင် ထိုကနဦး သမဂ္ဂဥက္ကဋ္ဌနှင့် အမှုဆောင်များမှာ ဗြိတိသျှ အလိုတော်ရိများပီပီ ဘိလပ်သွား၍ အိုင်စီအက်စ် (Indian Civil Service) ဖြစ်ရေးကိုသာ ရှေးရှု၍နေကြသောကြောင့် တက္ကသိုလ် ကျောင်းသား အရေးကိစ္စကို အလေးဂရု မထားကြပေ။

၁၉၃၅-၁၉၃၆ ပညာသင်နှစ်တွင်မှသာ ကိုအောင်ဆန်း၊ ကိုနု၊ ကိုကျော်ငြိမ်း၊ | ကိုသိန်းဖေ၊ ကိုလှဖေ၊ ကိုသီဟန် (အများစုမှာ အညာဒေသကျောင်းသားများ ဖြစ်ကြသည်။) ဦးစီးသည့် တက္ကသိုလ်ကျောင်းသားတစ်စု ဦးဆောင်သောအခါမှသာ ကျောင်းသား အရေး၊ အမျိုးသားအရေး၊ နိုင်ငံရေးကို သမဂ္ဂ အဖွဲ့အနေဖြင့် လှုပ်ရှားခဲ့ကြသည်။ တက္ကသိုလ် လောကတွင်လည်း ဆိုရှယ်လစ်၊ ကွန်မြူနစ် ဆိုသည့် ဝါဒ၊ စနစ်အတွေးအမြင်များ ထွန်းကားလာကာ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ အမျိုးသား | လွတ်မြောက်ရေးတို့ကို အစပျိုးလှုပ်ရှားလာ နိုင်ကြသည်။ ဒုတိယတက္ကသိုလ်ကျောင်းသား သပိတ်ကြီးနှင့် ၁၃၀၀ ပြည့် (၁၉၃၈ ခုနှစ်) ကျောင်းသားအရေးတော်ပုံကြီးသို့ ဦးတည်ခဲ့ သည်။ သို့ဖြင့် ၁၉၃၅ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ တက္ကသိုလ်နယ်မြေသည် တည်ငြိမ်မှုမရှိ၊ ကျောင်းသားသမဂ္ဂမှ လွတ်လပ်ရေးတိုက်ပွဲ ဝင် နိုင်ငံရေးခေါင်းဆောင်များကို မွေးထုတ် ပေးလျက် ရှိနေခဲ့သည်။

တက္ကသိုလ်နယ်မြေတွင် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးတိုက်ပွဲများ အရှိန် အဟုန်ဖြင့် ဆင်နွှဲနေချိန် ခရိုင်အလိုက် အသင်း အဖွဲ့များ၊ ဘာသာရပ်အလိုက် အသင်းအဖွဲ့ များ ဖွဲ့စည်းကာ ဟောပြောပွဲများ၊ စကားရည် လုပွဲများ၊ တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေရရန် ပဒေသာကပွဲများ၊ အငြိမ့်ပွဲများ၊ တက္ကသိုလ်လှေပြိုင်ပွဲများ၊ တက္ကသိုလ် ဘောလုံးပြိုင်ပွဲ များ ကျင်းပခဲ့ကြသည်။

ယခု တက္ကသိုလ်ရိပ်သာလမ်း မြောက် ဘက်ခြမ်း၌ ယင်းအချိန်က ယူနီဗာစီတီ ကောလိပ်၊ ဂျပ်ဆင်ကောလိပ်၊ ဘွဲ့နှင်းသဘင် ခန်းမ၊ တက္ကသိုလ်စာကြည့်တိုက်၊ ကျောင်း သားသမဂ္ဂ အဆောက်အအုံ၊ စာသင်ဆောင် များ၊ အမျိုးသားဆောင်များ၊ အမျိုးသမီး ဆောင်များ၊ တက္ကသိုလ်အားကစားရုံ၊ ဂျပ်ဆင် ဘုရားရှိခိုးကျောင်း၊ ပါမောက္ခနှင့် ကထိက နေအိမ်များဖြင့် ဖွဲ့စည်းစုစည်းသော တက္ကသိုလ် မြောက်ပိုင်းနယ်မြေ သတ်မှတ်၍ တက္ကသိုလ် ရိပ်သာလမ်း တောင်ဘက်ခြမ်းတွင် တက္ကသိုလ် ဓမ္မာရုံ၊ တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်ဆေးရုံ၊ ဘီအိုစီအင်ဂျင်နီယာကောလိပ်၊ ပြည်နှင့် တကောင်းဆောင်၊ ဆရာဖြစ်သင်ကောလိပ် (ယခုပညာရေးတက္ကသိုလ်)၊ ပညာရေးလေ့ကျင့် ရေးကျောင်း၊ တီတီစီကျောင်း၊ တက္ကသိုလ် အရန်တပ်ရင်း တည်နေရာတို့ကို တက္ကသိုလ် တောင်ပိုင်းနယ်မြေအဖြစ် နယ်မြေနှစ်ခု သတ်မှတ်ထားခဲ့သည်။ ထိုနယ်မြေ နှစ်ခုပေါင်း ဧရိယာမှာ ဧက ၄၀၀ ဖြစ်သည်။ ။

ကံမကောင်းစွာဖြင့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် ၏ ဗြိတိသျှ စစ်ကြောင်းဆိုင်ရာ စစ်စခန်းချ နေရာသည် ရန်ကုန်တက္ကသိုလ်ပရဝဏ် ဖြစ်ခဲ့ရသည်။ ပြည်လမ်း ဆရာအတတ်သင်

ကောလိပ်မှာလည်း ဗြိတိသျှတပ်မတော် စစ်ဌာနချုပ် ဖြစ်ခဲ့ရလေသည်။ ဂျပန်ခေတ် စစ်အတွင်းကာလမှာလည်း တက္ကသိုလ် နယ်မြေသည် ဂျပန်ခေတ်စစ်ဆေးရုံ ဖွင့်ခံခဲ့ ရကာ ဗုံးဒဏ်ခံခဲ့ရပြန်သည်။ ဗုံးဒဏ်ကြောင့် ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ ဆရာ အတတ်သင်ကောလိပ်များ ပျက်စီးခဲ့ရသည်။ တက္ကသိုလ်နယ်မြေ၏ အမှောင်ခတ်ဟု ဆိုလောက်သည်။ ။

၁၉၄၇ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးဆုံး ကာလတွင် တက္ကသိုလ်နယ်မြေသည် အသစ် တစ်ဖန် အသက်ဝင်လှုပ်ရှားလာသောကြောင့် လွန်ခဲ့သော ၁၆ နှစ်ကာလက စိုက်ပျိုးခဲ့သော စိန်ပန်း၊ ငုဝါ၊ ကံ့ကော်ပင်များ၏ အလှများ ဝေဝေဆာဆာဖြင့် ဖူးပွင့်ကြိုင် လှိုင်နေတော့သည်။ တက္ကသိုလ်ကျောင်းတော်သူ၊ ကျောင်း တော်သားများအတွက် အရိပ်ဝါသ ပေးဝေခဲ့ လေပြီ၊ ရေတမာပင် များမှာတော့ မောင်မယ် တို့အတွက် အအေးပေးကာ ကံ့ကော်ပန်းက မွှေးရနံ့သင်းစေခဲ့သည်။

မိုးကလေးတစ်ပြိုက် သွန်ချလိုက်သော် မြကျွန်းသာတစ်ခွင် စိန်ပန်းပင်တို့၏ စိန်ပန်း ပွင့်များ နေရာအနှံ့ နီနီရဲရဲပြန့်ကျဲ ကြီးစိုး မင်းမူနေကြသည်။

တက္ကသိုလ်စာမေးပွဲများ မကျင်းပမီ တစ်လသာအလို ကာလတွင်ကား မြကျွန်းသာ ကံ့ကော်နယ်မြေတစ်ခွင်တွင် ဥဩငှက်ငယ် တို့၏ တွန်ကျူးသံများ ဆူညံသဲသဲရှိနေတော့ သည်။ ဆောင်းနှောင်းရာသီကာလရောက်ပြန် တော့ ကံ့ကော်ပင်တို့ ပင်လုံးကျွတ် ဖူးပွင့်ဝေဆာချိန် မြကျွန်းသာသမီးပျိုတို့ ကေသာထက် ကံ့ကော်ပန်းတို့ နေရာယူလျက် တက္ကသိုလ်ဝန်းကျင် ကံ့ကော်ရနံ့ ထုံမွမ်းလျက် ရှိကုန်သည်။

စစ်ပြီးခေတ် တက္ကသိုလ်ဖွင့်ချိန် ကျောင်း သား ကျောင်းသူဦးရေ များပြားလာသည့် အလျောက် သိပ္ပံဘာသာတွဲယူ ကျောင်းသား ကျောင်းသူဦးရေ များလာခဲ့သည်။ ကျောင်း သားဦးရေ များလာသည်နှင့်အမျှ ကျောင်းပြင်ပ လှုပ်ရှားမှုများလည်း များလာခဲ့သည်။ အသင်းအဖွဲ့များလည်း စုံလင်လာသည်။ တက္ကသိုလ် ဘောလုံးအသင်းသည် နိုင်ငံဒိုင်းဆုကြီးကို သုံးနှစ်ဆက် တိုက် အနိုင်ဆွတ်ခူးခဲ့သည်။ တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်ကြီးရှင်ပြိုင်ပွဲများကို | စနေနေ့ဝက်နှင့် တနင်္ဂနွေ ရုံးပိတ်ရက်တွင် အမြဲကျင်းပခဲ့ကြသည်။ ။

အထူးသဖြင့် မြန်မာအသင်းကြီးက ကြီးမှူးကျင်းပသည့် ငွေရတုအထိမ်းအမှတ် “စုံနံ့သာမြိုင် ရှာပုံတော်ကြီး” ဇာတ်ကို ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ တက္ကသိုလ် သမိုင်းတွင် ကျန်ရစ်အောင် တင်ဆက်ခဲ့ကြ သည်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂဦးစီး သည့် ကျောင်းသားပွဲတော်နှင့် မြန်မာနိုင်ငံသိပ္ပံအသင်းကြီးမှ ကျင်းပသည့် သိပ္ပံပြပွဲကြီး များကို မြကျွန်းသာ၏ နှစ်စဉ်ပွဲတော်များ အဖြစ် ကျင်းပခဲ့ကြသည်။ ။

တက္ကသိုလ်၏ အမျိုးသားကျောင်းဆောင်များအလိုက်၊ အမျိုးသမီးကျောင်းဆောင် များအလိုက် မောင်နှမဆောင်များ သတ်မှတ်၍ သဟာယအသင်းနှင့် စာဖတ်အသင်းထူထောင် လျက် နှစ်ပတ်လည် ညစာစားပွဲများ ကျင်းပ လေ့ရှိခဲ့ကြသည်။ အငြိမ့်များဖြင့်လည်း ဖြေဖျော်ပေးခဲ့ကြသည်။ အသင်းအဖွဲ့ လိုက် ရန်ပုံငွေရှာဖွေခြင်းအဖြစ် ရုပ်ရှင်ပြပွဲများ ကျင်းပကြသည်။ အသင်းလိုက်ပျော်ပွဲစားများ ထွက်သည့်ဓလေ့ ရှိကြသည်။ ဤသို့သော လှုပ်ရှားမှုများသည် ကျောင်းသား ကျောင်းသူ များ အတွက် မမေ့နိုင်သော နေ့ရက်များပင် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် လှေလှော် အသင်း (Rangoon University Boat Club) က အင်းလျားရေပြင်၌ ကျင်းပသော လှေလှော်ပြိုင်ပွဲများသို့ လာရောက်အားပေးကြသည့် | ကျောင်းသားထု၏ အားပေးသံ များသည် မြကျွန်းသာရေပြင်တစ်ခွင် ပဲ့တင်ထပ်နေတော့သည်။

အင်းလျား၊ ရတနာ၊ သီရိအမျိုးသမီးများ အဆောင်ရှေ့ရှိ ကံ့ကော်နှင့် ရေတမာပင် အရိပ်ခိုကာ အကာလညအခါ ကျောင်းသူ များအကြိုက် တေးသီချင်းသီဆိုဖျော်ဖြေကြ သည့် ကျောင်းသားတို့၏ ဓလေ့သည်လည်း မြကျွန်းသာ၏ ထူးခြားသော ပိသေသ လက္ခဏာတစ်ခုအဖြစ် မှတ်ယူထားသည်။

တက္ကသိုလ် အပန်းဖြေရိပ်သာကြီးကို ၁၉၅၈ ခုနှစ်က ဆောက်လုပ်ပြီးစီးသောအခါ ကျောင်းသားထုကြီး တစ်ရပ်လုံး၏ အားကစား၊ အနုပညာ၊ ဂီတဆည်းဆာ၊ ပန်းချီ စသည့် အားကစားနှင့် အနုပညာဆိုင်ရာ လှုပ်ရှား အတတ်သင်ယူမှုများ ရရှိခဲ့ကြ သည်။ မြန်မာ နိုင်ငံ ရုပ်ရှင်ဒါရိုက်တာများအဖို့ မြကျွန်းသာ နယ်မြေအတွင်း ရုပ်ရှင်ရိုက်ကွင်းလှလှ ရရှိ ခဲ့ကြသည်။

ဂီတစာဆို၊ တေးရေးဆရာများကလည်း မြကျွန်းသာ၏ လွမ်းမောဖွယ် အလှတရား တို့ကို နာမည်ကျော်တေးသီချင်းများအဖြစ် ရေးစပ်ကြပြီး တေးသံရှင်အဆိုကျော်များက လည်း ကံ့ကော်တောနှင့် မြကျွန်းသာ အကြောင်း သီဆိုပေးခဲ့ကြသည်မှာ ယနေ့တိုင် အထင်အရှားရှိနေပေသည်။ သာဓကပြရမည်ဆိုက “တက္ကသိုလ်ကျောင်းကငွေလမင်း' ကို ချိုပြုံး၊ “အိုကံ့ကော်တော ́ကို လီလီကြာညွန့်၊ “ချစ်ရက်ရှည်ရှည်အင်းလျားမြေ'ကို တွံတေး သိန်းတန်၊ တက္ကသိုလ်ကျောင်းသူတစ်ဦးကို ကိုမင်းနောင်၊ “မြကျွန်းညိုညို တက္ကသိုလ်'ကို အများဆို၊ “အလွမ်းနွေကို စမ်းရေထဲမှာ မျောလိုက်ပြီ ́ကို ကိုသန်းလှိုင်၊ “ကံ့ကော်မြိုင် တန်း ́ကို ကိုသန်းလှိုင်၊ “ဂုဏ်ယူရတာအမော ပါပဲရှင်”ကို ညွန့်ညွန့်စိန်၊ “မြေသီလာသို့ အလွမ်းပြေ ́ကို ကိုမြသိန်း၊ “တက္ကသီလာမှ လွမ်းတေးတစ်ပုဒ် ́ကို တက္ကသိုလ်ချိုလတ်၊ “ချစ် အလွမ်းကလေးများ ပန်းသို့ခြွေ' ကို တက္ကသိုလ်ချိုလတ်၊ “ကံ့ကော်ရိပ်မှကြို နှင့် မယ်'ကို ခင်သန်းမြင့် တို့ သီဆိုခဲ့ကြသည်ကို သတိရမြဲဖြစ်ပေသည်။

ဒုတိယကမ္ဘာစစ်ပွဲပြီးနောက် ၁၉၄၆ ခုနှစ်၊ ဇွန်လမှ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့ မတိုင်မီအချိန်ထိ ရန်ကုန်တက္ကသိုလ်၏ ကောလိပ်အသီးသီးအဖြစ် အောက်ပါ မဟာဌာနများကို Unitary System ဖြင့်ပေါင်းစည်း ဖွဲ့စည်းထားခဲ့သည်။ ရန်ကုန်တက္ကသိုလ် အောက်တွင် Faculty of Art, Faculty of Science, Faculty of Medicine, Faculty of Engineering, Faculty of Veterinary Science ကို ဖွင့်လှစ်ခဲ့ပြီး မန္တလေးတက္ကသိုလ် အောက်တွင် Faculty of Agriculture ကို ဖွင့်လှစ်ခဲ့ သည်။ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် မိမိနှစ်သက်ရာ ဘာသာ တွဲများ (Subject Combination) ကို ယူနိုင် ကြသည်။ ကန့်သတ်ချုပ်ချယ် တားဆီးမှု မရှိသော Education Autonomy ရရှိကြသည်။ တက္ကသိုလ် Ruling Body သည် သီးသန့် လွတ်လပ်စွာ အုပ်ချုပ်စီမံကာ ငွေကြေးသီးခြား သုံးစွဲမှုရှိကြသည်။ ယနေ့ခေတ် ရန်ကုန် တက္ကသိုလ်ကို အဆင့်မြှင့် တင်ကာ နိုင်ငံတကာ တက္ကသိုလ်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်း ချိန်၌ နှစ်တစ်ရာ ပြည့်ခဲ့ပြီလည်း ဖြစ်ပေသည်။

၁၉၅၆ ခုနှစ်လောက်က ပြည်လမ်းနံဘေး မြေစိုက်တဲကလေးဖြင့်စခဲ့သော ဦးချစ် လက်ဖက်ရည်ဆိုင် ကလေးသည် နောင်တောင်ငူ ဆောင်ရှေ့နား ရောက်လာကာ ကျောင်းသား ကျောင်းသူတို့၏ ဝတ္ထု၊ ကဗျာ၊ တေး၊ နိုင်ငံရေး အတွေးအခေါ်များ ဆွေးနွေးဖလှယ်ရရာနေရ၊ တက္ကသိုလ်၏ အမှတ်ရစရာ လက္ခဏာရပ် တစ်ခုအဖြစ်ရှိခဲ့ကြောင်း ဖြည့်စွက်စရာအဖြစ် ရေးသားလို သည်။ ။

ကံ့ကော်တောဖြစ်စဉ်ကို အဆုံးသတ် ပြောစရာဆို၍ သစ်ပုပ်ပင်ကြီးအကြောင်း တစေ့တစောင်း ပြောရဆိုရပေမည်။ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းသည် ဧရာ၀တီ တိုင်း၊ ရန်ကုန်တိုင်းအတွင်း သစ်ပင်ကြီးငယ် ဟူသမျှ ပြိုလဲပျက်စီးစေခဲ့ရာ၌ ကံ့ကော်တာ နှင့် မြကျွန်းသာမြေရှိ သစ်ကြီးဝါးကြီးများ လည်း ပြိုလဲပျက်စီးခဲ့ရသည်။ သို့သော်  သက်တော်ရှည်ဘိုးအေ သစ်ပုပ်ပင်ကြီးကား မုန်တိုင်းကို ကြံ့ကြံ့ခံ တွန်းလှန်ရပ်တည်ကာ (ကံ့ကော်တောနှင့် မြကျွန်းသာသမိုင်းကို ဆက်လက်သယ်ပိုးကြမည့် မျိုးဆက်သစ် ကျောင်းတော်သူ ကျောင်းတော်သားများအတွက် ဘိုးအေသစ်ပုပ်ပင်ကြီး အဓွန့်ရှည် ကြာ ရှင်သန်နေပေဦးမည် ဖြစ်ပေသည်။ ။

ဒေါက်တာ ဦးမောင်

 

18