Dec 01, 2021
၁။ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ် ချက်များ အားလုံးကို ၃၀-၁၁-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၁-၁၁-၂၀၂၁ ရက်စွဲပါ ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-
Nov 28, 2021
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့က ၂၆-၁၁-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သိရှိရသည်။ ယင်းပူးတွဲကြေညာချက်တွင် တပ်မတော်က အစိုးရဆန့်ကျင်သူများကို အင်အား အလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် နေကြောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။
Nov 25, 2021
ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီအဖွဲ့ တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Nov 25, 2021
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
Nov 19, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်
Nov 16, 2021
၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစား ရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုဇွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲစာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၁၁၄) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်သည်။
Nov 15, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
