Jan 08, 2024
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ(၃၁-၁၂-၂၀၂၃)
Jan 04, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃ / ၂၀၂၄ ၁၃၈၅ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် )
Jan 04, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် )
Jan 04, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၄ ၁၃၈၅ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၈ ရက် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)
Jan 04, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၁၄)ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ – နောက်တစ်ကြိမ် ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။ အမိန့်အရ အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
Jan 04, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ (၉၆၅၂) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။ အမိန့်အရ အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
Jan 04, 2024
စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်း
Jan 04, 2024
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Jan 04, 2024
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း
Jan 02, 2024
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် (ဝတ်စုံပြည့်)အစမ်းလေ့ကျင့်မည့် ၂-၁-၂၀၂၄ ရက်နေ့နှင့် အခမ်းအနား ကျင်းပပြုလုပ်မည့် ၄-၁-၂၀၂၄ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာ မီးပွိုင့်မှ သပြေကုန်းဈေးထောင့်လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက်(၀၂:၀၀)အချိန်မှ (၀၈:၀၀)အချိန်အထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ယာဉ်အသုံးပြုသွားလာသူများ အနေဖြင့် ၎င်းနေ့ရက်များတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှတော်ဝင် ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့လည်းကောင်း၊ သပြေကုန်းဈေးထောင့်လမ်းဆုံ မီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။