Jul 10, 2026
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေထွက်တဲ့ အချိန်က ကျောင်းသားလူငယ်အများစု ပျော်ရွှင်နေကြတာကိုတွေ့ရတော့ ကိုယ်တိုင်စာမေးပွဲအောင်သူ တစ်ယောက်လို အပျော်တွေ ကူးစက်ခဲ့ပါတယ်။
Jul 10, 2026
ကမ္ဘာပေါ်ရှိ ဝါစိုက်ပျိုးသောနိုင်ငံအများစု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဝါစိုက်ပျိုးထုတ်လုပ်မှုအပေါ်တွင် များစွာမူတည်နေသည်။ ဝါထွက်ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဝါသီးနှံတွင် ပိုးမွှားများမြောက်မြားစွာ ကျရောက်ခြင်းကြောင့်ဖြစ်သည်။
Jul 09, 2026
ကမ္ဘာ့နိုင်ငံအသီးသီးသည် ကမ္ဘာ့လူဦးရေ သန်းငါးထောင်ပြည့်မြောက်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာ့လူဦးရေနေ့သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူဦးရေနှင့်ပတ်သက်သည့် ပြဿနာများကို အရေးတကြီး ဖြေရှင်းနိုင်ရေးနှင့် နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို လူသားအားလုံးအလေးဂရုပြု အာရုံစိုက်မိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
Jul 08, 2026
မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများ၌ ပြည်သူ့ကျန်းမာရေးကို နေ့စဉ်နှင့်အမျှ ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသော အင်းဆက်ပိုးမွှားများတွင် ယင်ကောင်နှင့် ခြင်များသည် အဓိကအတားအဆီးများဖြစ်ကြ၏။
Jul 08, 2026
ဒုတိယအကြိမ်မြောက် အိတ်ဖွင့်ပေးစာတစ်စောင် ထပ်မံပေးပို့အပ်ပါတယ်။ ပထမအကြိမ် ပေးစာထဲမှာ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ (Ms. Julie Bishop) ရဲ့ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းစွာထောက်ပြအသိပေးခဲ့ပါတယ်။ ယခု ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ဖို့အတွက် အကြံပြုတိုက်တွန်းတဲ့စာဖြစ်ပါတယ်။
Jul 07, 2026
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ပါသည်။ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများတွင် ပထမဆုံးသွားရောက်ခဲ့သည့်ခရီးစဉ် ဖြစ်ပါသည်။
Jul 07, 2026
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးသည့် အခြေခံအင်အားဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် ပညာရေး၏အောင်မြင်မှုကို စာမေးပွဲအောင်ချက် သို့မဟုတ် အမှတ်ကောင်းရရှိမှု တစ်ခုတည်းဖြင့် တိုင်းတာခြင်းမဟုတ်တော့ဘဲ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သင်ယူသူ၏ စွမ်းဆောင်ရည်နှင့် စစ်ဆေးအကဲဖြတ်မှုတို့ အပြန်အလှန်ညီညွတ်မျှတစွာ ချိတ်ဆက်လည်ပတ်နိုင်မှုကို အရေးပါသော အရည်အသွေးညွှန်းကိန်းတစ်ရပ်အဖြစ် ပိုမိုအလေးထားလာကြပါသည်။
Jul 07, 2026
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လွန်ပရာဘန်မြို့သို့ ခရီးဆက်ကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရုံးဝန်ကြီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ကြသည်။
Jul 06, 2026
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယနေ့ခရီးစဉ်တွင် လာအိုအသေးစား၊ အငယ်စားစက်မှုလုပ်ငန်း Phonthong Handicrafts Cooperation and Cama Crafts နှင့် Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့ပြီး ဗီယင်ကျန်းမြို့ရှိ ထက်လွမ်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများကို တွေ့ဆုံခဲ့သည်။
Jul 06, 2026
ဧရာဝတီမြစ်နှင့် ယင်း၏မြစ်လက်တက်များသည် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းရှိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွားအပေါ်သက်ရောက်မှုများကို အလေးထားစဉ်းစားရပါမည်။
