Jul 16, 2026
ရှေးမြန်မာမင်းများလက်ထက် မိရိုးဖလာစိုက်ပျိုးထုတ်လုပ်မှုမှသည် ယနေ့ခေတ်ပြိုင်ကာလအထိ ဝါသည် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရုံသာမက နိုင်ငံတော်၏ စက်မှုကုန်ထုတ်လုပ်ငန်းများအတွက် အခြေခံအကျဆုံး အရေးပါသော လယ်ယာထွက်ကုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
Jul 16, 2026
ပြည်တွင်းအခွန်များဦးစီးဌာနသည် အများပြည်သူ နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဝန်ဆောင်မှုပေးရာတွင် ယခင်ကထက် ပိုမိုလွယ်ကူလျင်မြန်၍ အဆင်ပြေချောမွေ့စွာ အီလက်ထရောနစ်နည်းလမ်းဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှု ပေးနိုင်မည့်စနစ်များကို လေ့လာ၍ စီမံချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System- VAVS) ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
Jul 16, 2026
ဇူလိုင်လ ၁၉ ရက်နေ့ဟာ (၇၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရရှာတာ ၇၉ နှစ်တောင်ရှိခဲ့ပြီလို့ ဆိုရမှာဖြစ်တယ်။ ၇၉ နှစ်ဆိုတဲ့ အချိန်ကာလဟာ လူ့သက်တမ်းအားဖြင့် တစ်ဘဝနီးပါး ကြာညောင်းခဲ့တာဖြစ်ပေမယ့် အာဇာနည်ခေါင်းဆောင်ကြီးများကို မျိုးဆက်အလီလီ ယနေ့တိုင် မမေ့နိုင်ကြသေးပါ။ အထူးသဖြင့်ကား မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းဆွတ်တမ်းတနေကြဆဲ။
Jul 15, 2026
ယနေ့ခေတ်ကြီးတွင် အာဇာနည်ဟူ၍ ရှားပါးသွားပြီဟု ဆိုနိုင်ပါသလား၊ အာဇာနည်တစ်ဦးတွင် ရှိထိုက်သည့် ဂုဏ်ဒြပ်တို့နှင့် တိုင်းတာလျှင်မူ များစွာလျော့ပါးသွားပြီဟု ဆိုနိုင်ပါမည်။ အမှန်တကယ်လည်း နည်းပါးနေသည်၊ အာဇာနည်ဂုဏ်ပုဒ်များ ဖြည့်ဆည်းရန် ကွက်လပ်တို့သာ များလာနေသည်၊ လိုအပ်ချက်က များလာသည်၊ ယနေ့ခေတ်တွင် အာဇာနည်အမှတ်တံဆိပ်ကို မှန်မှန်ကန်ကန် ခတ်နှိပ်နိုင်မည့် အာဇာနည်များစွာ လိုအပ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။
Jul 14, 2026
“ရွှေချည်၊ ငွေချည်” ဟု တင်စားသည့် မြန်မာ့ဝါသည် စိုက်ပျိုးတောင်သူများကို အကျိုးပြုလျက်ရှိသည့် ဝင်ငွေရသီးနှံတစ်ခု။ စိုက်ပျိုးရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် ဝါသည် ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်သည့် သီးနှံတစ်ခုလည်းဖြစ်သည်။ လက်ရှိကမ္ဘာ့အထည်အလိပ်ဈေးကွက်ရှိ အထည်အလိပ် အမှတ်တံဆိပ်များသည် သဘာဝပတ်ဝန်းကျင်မပျက်စီးစေဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ်ဝါဂွမ်းများကို ပိုမိုတောင်းဆိုကြချိန် ဖြစ်သည့်အတွက် မြန်မာ့ဝါအတွက် အလားအလာကောင်းများစွာရှိနေသည်။ ထို့ကြောင့် ပြည်ပပို့ကုန်သီးနှံမြန်မာ့ဝါဖွံ့ဖြိုးမှုအတွက် ရှေ့တစ်လှမ်းတက်ရမည့်အချိန်အခါ ဖြစ်လာသည်။
Jul 13, 2026
မိမိတို့နိုင်ငံ၌ တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းစဉ်တစ်ခုလုံးကို ပညာရေးဝန်ကြီးဌာနကဗဟိုပြု၍ စနစ်တကျ စီမံခန့်ခွဲပေးခြင်းဖြစ်ပြီး အဓိကပင်မဝင်ခွင့်လမ်းကြောင်းမှာ အမျိုးသားအဆင့်တက္ကသိုလ်ဝင်တန်းစာမေးပွဲပင် ဖြစ်ပါသည်။ ယင်းစာမေးပွဲသည် ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ ထူးချွန်မှုအပေါ်မူတည်၍ နိုင်ငံတစ်ဝန်းရှိ သီးခြားဘာသာရပ်အသီးသီးအလိုက် ဝင်ခွင့်အမှတ်ပိုင်းဖြတ်မှုများဖြင့် စနစ်တကျ အဆုံးအဖြတ်ပေးခြင်းဖြစ်ပါသည်။
Jul 13, 2026
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ ပို့ကုန်ကဏ္ဍတွင် ရော်ဘာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်းသည် အဓိကကျသော ပို့ကုန်ကဏ္ဍတစ်ခုဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော ရော်ဘာသီးနှံသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပြီး ရာသီဥတုအခြေအနေအပေါ်မူတည်၍ စနစ်တကျပြစုစောင့်ရှောက်ရန် လိုအပ်သည်။
Jul 13, 2026
ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ်မူတည်၍ တိုးတက်နေပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေး ပညာသင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
Jul 12, 2026
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) သို့ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် (ကွန်ဗင်းရှင်း ၈၇)၊ အဓမ္မခိုင်းစေမှုပပျောက်ရေး (ကွန်ဗင်းရှင်း ၂၉)၊ အလုပ်လုပ်ကိုင်နိုင်သည့် အငယ်ဆုံးအသက်သတ်မှတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းအမှတ် (၁၃၈) နှင့် ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ (ကွန်ဗင်းရှင်း ၁၈၂) အပါအဝင် အခြေခံကျသည့် နိုင်ငံတကာအလုပ်သမားရေးရာ ကွန်ဗင်းရှင်းပေါင်း ၁၉ ခုကို အတည်ပြုလက်ခံကာ လိုက်နာကျင့်သုံးလျက်ရှိသည်။
Jul 12, 2026
ယနေ့ကမ္ဘာတွင် လူဦးရေတိုးပွားလာမှုနှင့်အတူ စက်မှုကဏ္ဍသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာရာ စွမ်းအင်လိုအပ်ချက်မှာ ယခင်ကထက် အဆမတန်မြင့်မားလျက်ရှိပါသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လူသားတို့သည် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို ဆယ်စုနှစ်ပေါင်းများစွာ အားကိုးခဲ့ကြသော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ယခုအခါ ကမ္ဘာကြီးသည် “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” (Renewable Energy) ကို အသုံးချ၍ စွမ်းအင်ထုတ်လုပ်သည့်စနစ်သို့ အလေးအနက် ဦးတည်ပြောင်းလဲလာပြီဖြစ်ပါသည်။
