Oct 12, 2024
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Social Policy and Poverty Research Group တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရ ဆင်းရဲတဲ့ပြည်သူတွေ၊ လုပ်ကွက်ငယ်တောင်သူတွေဟာ ငွေကြေးအရင်းအနှီး လိုအပ်ကြောင်း၊ နည်းပညာလိုအပ်ကြောင်း တွေ့ရှိရပါတယ်။ အခြားစစ်တမ်းတွေမှာလည်း ဒီလိုပဲ တွေ့ရတဲ့အတွက် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ သွင်းအားစုများထောက်ပံ့နိုင်တဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်လို့ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍမှာ တောင်သူများ ရဲ့လိုအပ်ချက်ကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
Oct 11, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 11, 2024
အထက်ပါ “နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲမှုကအနှစ်၊ ဘယ်ဝါဒမဆိုအကာ” ဟူသည့် အချက်ကို “ငါနိုင်ငံရေးသမား” ဆိုသူတိုင်းနှင့် နိုင်ငံသားအားလုံး မဖြစ်မနေ သိထားခံယူထားရန် လိုသည်။ မသိလျှင် အဆိုပါခံယူချက်ကင်းသူသည် နိုင်ငံရေးသမားမဟုတ်။ မသိလျှင် နိုင်ငံသားတိုင်း သိအောင် ပညာရေးက မဖြစ်မနေသင်ကြားပေးရမည်။ ခေတ်သစ်သမိုင်းတွင် တိုက်ယူ၍ရသော လွတ်လပ်ရေးမဟုတ်၍ လွတ်လပ်ရေးအစစ်မဟုတ်ဟုဆိုကာ မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်မပြုဘဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခဲ့ကြခြင်းဖြစ်ပေသည်။
Oct 11, 2024
အမြော်အမြင်ကြီးမားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက အယူဝါဒမတူညီသည်ဖြစ်စေ အချင်းချင်းငြိမ်းချမ်းစွာလက်တွဲနေထိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။ နိုင်ငံအချင်းချင်းဖြစ်စေ၊ နိုင်ငံအတွင်း၌ဖြစ်စေ ပြဿနာတစ်စုံတစ်ခုကြုံလာရင် ပွင့်လင်းစွာ ဆွေးနွေးဖြေရှင်းခြင်းဖြင့် ပြေလည်မှုကို ရနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်သတ်အမြင်၊ အတ္တအစွဲတွေနဲ့ ဖြေရှင်းနေတာတွေကြောင့် အကျယ်အကျယ် မငြိမ်းနိုင်ဖွယ် မီးတောက်တွေသဖွယ် လောင်ကျွမ်းနေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကြောင့် အပြစ်မဲ့ပြည်သူတွေ မြေစာပင်သဖွယ် ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ကြတာတွေကို စိတ်မကောင်းဖွယ် ကြားသိနေရပါတယ်။
Oct 11, 2024
ငယ်စဉ်က ဖတ်ရှုခဲ့ဖူးသည့် ဆရာလင်းယုန်မောင်မောင်၏ “ပုလဲဆိပ်ကမ်း တစ်နေ့တာမှတ်တမ်း” စာအုပ်တွင် ဂျပန်စစ်လေယာဉ်များ အလစ်ဝင်ရောက်တိုက်ခိုက်နေသည့်ကြားမှ နီဗားဒါးစစ်သင်္ဘောပေါ်မှ ဘင်ခရာတီးဝိုင်းအဖွဲ့သည် အလံတင်အခမ်းအနားကို ပြီးစီးအောင် တီးမှုတ်သွားခဲ့သည်။ သူတို့တစ်သက်တာတွင် အမျိုးသားသီချင်းကို နှစ်ပေါင်းများစွာ တီးမှုတ်ခဲ့ရာ၌ တစ်ကြိမ်တစ်ခါမျှ တစ်ပိုင်းတစ်စဖြင့် ရပ်ပစ်ခဲ့ရခြင်းမရှိ၍ ဖြစ်သည်။
Oct 11, 2024
ရန်ကုန်မိုးက ထုံးစံအတိုင်း လင်းရာမှ ရုတ်ခြည်းမည်းမှောင်လာကာ ရွာချလေတော့သည်။ သည်နေ့မနက် ရာသီဥတုက သာသာယာယာ၊ လင်းလင်းကျင်းကျင်းဖြစ်၍ ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းဘက်သွားပြီး စာမြည်းထိုင်ဖတ်မည်၊ ကြိုက်တာတွေ့လျှင် တစ်အုပ်၊ နှစ်အုပ်ဝယ်မည်ဟု စိတ်ကူးနှင့် ထွက်လာပါမှ မိုးနှင့်တိုးတော့သည်။ သို့နှင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်သောက်ရင်း ခေတ္တဝင်နားခိုရတော့သည်။
Oct 10, 2024
ကျောင်းသင်ပညာရေးမှာ စနစ်ကျ၏။ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ကျောင်းနှင့် စာသင်ခန်းအတိအကျရှိ၏။ လူသား၏ အသက် အရွယ်နှင့်အညီ သင်ရိုးညွှန်းတမ်း၊ အချိန်ကာလ၊ အတန်းအဆင့် အရည်အသွေးဆန်းစစ်မှုများဖြင့် “နိမ့်သောအသိမှ မြင့်ရာအသိအမြင်သို့၊ ကျဉ်းမြောင်းမှုအမြင်မှ ကျယ်ပြန့်မှုဆီ၊ လွယ်ကူရာမှ နက်နဲသည့် ဆင်ခြင်သုံးသပ်နိုင်စွမ်းသို့ သွား၏” ဖတ်စာအုပ်ထဲမှ စာလောက်ကိုသာ အလွတ်ကျက်ရုံမျှလောက်ဖြင့် ဤကဲ့သို့ ဉာဏ်ရည်မြင့်သည့်အဆင့်ကို မရနိုင်၊ မတက်လှမ်းနိုင်ပေ။
Oct 09, 2024
တစ်နေ့က လူမှုကွန်ရက်စာမျက်နှာထက်မှာ ကျေးလက်ဒေသတစ်ခုက ဖျော်ဖြေပွဲလေးတစ်ခု ကြည့်လိုက်ရတယ်။ အလှူပွဲလား၊ အခါကြီးရက်ကြီးအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲလေလားဆိုတာတော့ ကျွန်မ မသိပါဘူး။ ဆယ်ကျော်သက်မြေးအရွယ် မိန်းကလေးတစ်ယောက် ခုတင်ခင်း စင်မြင့်ထက်မှာ Rap ဂီတတွေရွတ်လိုက်၊ ဂါဝန်သာသာအင်္ကျီကိုမပြီး တွန့်လိမ်ကောက်ကွေးလိုက်နဲ့ အပြင်းစားပေါက်ကွဲမှုတွေအပြည့်နဲ့ ဖျော်ဖြေနေလိုက်တာ အားပေးတဲ့သူတွေကလည်း တပြုံးပြုံးနဲ့ပေါ့။
Oct 09, 2024
လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို ထင်ဟပ်ပြသနိုင်သည်မှာ အနုသုခုမပညာဖြစ်သည်။ လူမျိုးတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်အနုသုခုမ ပညာရပ်တစ်မျိုးစီရှိကြသည်။ အနုသုခုမပညာသည် ကာလ၊ ဒေသနှင့် လူမျိုးတို့၏ ဓလေ့စရိုက်ပေါ်တွင် တည်မီသည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုသည် ယင်းအနုသုခုမပညာပေါ်တွင်တည်မီသဖြင့် အနုပညာသည် ယဉ်ကျေးမှု၏ကြေးမုံပြင်ဟု ဆိုလေသည်။ မည်သည့်တိုင်းပြည်နှင့် လူမျိုးမဆို မိမိတို့၏ ယဉ်ကျေးမှုခိုင်မြဲစွာရှိမှသာလျှင် အမျိုးသားရေးဇာတိမာန်များ အစဉ်ထိန်လင်း ထွန်းတောက်နေမည်ဖြစ်သည်။
Oct 08, 2024
လူတိုင်းဟာ ဘဝတစ်ခုရှင်သန်ရပ်တည်နေနိုင်ဖို့ စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အလုပ်သုံးမျိုးကို နေ့စဉ်လုပ်ကိုင်နေကြပါတယ်။ လူချင်းတူပေမယ့် အတိတ်ကံ၊ ပစ္စုပ္ပန်အခြေအနေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဆင်းရဲချမ်းသာ၊ ရာထူးဂုဏ်ရှိန်ဆိုတဲ့ လူနေမှုအဆင့်အတန်းတွေ ကွဲပြားခြားနားသွားပါတယ်။ အတိတ်ကံဆိုတာကတော့ မွေးကတည်းက ပါလာတာဖြစ်လို့ပြင်မရနိုင်ပါ။ အတိတ်ကံကပါလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို မလွဲမသွေခံစားကြရမှာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်အခြေအနေကတော့ ကာယကံရှင်ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုတွေအပေါ် မူတည်ပါတယ်။ အလားတူတိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာကလည်းရှိနေပါတယ်။ ဒါကြောင့် လူတွေတိုးတက်အောင်မြင်ကြဖို့ ပစ္စုပ္ပန်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မှာ မူတည်နေတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။
