Skip to main content

Nov 14, 2022

လူဖြစ်ပါက အသက်မွေးဝမ်းကျောင်းပညာကို တတ်ကျွမ်းရမည်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာဟုဆိုရာတွင် သမာအာဇီဝကျကျ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမအလုပ်သည် အနန္တောအနန္တငါးပါးတွင် ပါဝင်သည့် မွန်မြတ်သော အလုပ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် ဂုဏ်သိက္ခာအရမြင့်မားပြီး ဂုဏ်ယူဖွယ်ကောင်းသူများ ဖြစ်သည့်အတွက် မိမိတို့ တပည့်များ၏ဘဝကို ကောင်းမွန်သည့် အနာဂတ်များ ပိုင်ဆိုင်နိုင်စေရန် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 14, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ အကြီးစားပြင်ဆင်မွမ်းမံ ဆောင်ရွက်နေသော မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးစံမီသော သတ်မှတ်ပစ္စည်းများ သုံးစွဲရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ ဓာတ်လှေကားအသစ် တပ်ဆင်ပြီးစီးမှုနှင့် လေအေးပေးစက်များ အသစ်လဲလှယ်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 14, 2022

မြစိမ်းရောင်စီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် လက်တွေ့အကျိုးဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက်လည်း မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရန် အရင်းမပျောက်မတည်ငွေများ ထုတ်ပေးထားရှိပါကြောင်း၊ ဒေသအလိုက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေမရဌ်ဧည့်ရိပ်သာတွင် ပြည်နယ်နှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 11, 2022

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တောင်ပိုင်း ခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 11, 2022

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ”၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 11, 2022

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ နိုဝင်ဘာ ၆ ရက်က စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2022

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)သို့ရောက်ရှိပြီး အခြေခံဂဟေဆက်သင်တန်းသားများအား တွေ့ဆုံအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2022

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 09, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့နိုင်ငံခြားရေးရာသိပ္ပံ (CPIFA)မှ စီစဉ် ကျင်းပသည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ထင်ပေါ်ကျော်ကြားသူများ ဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 04, 2022

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက်  အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 04, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ အ.ထ.က(၇)နေပြည်တော်၊ အ.ထ.က(၉)နေပြည်တော်၊ အ.ထ.က(၁၀)နေပြည်တော် ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 01, 2022

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မြို့၌ အသည်းအစားထိုးအလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက်ကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားသို့ အသည်းအစားထိုးကုသမှုဆောင်ရွက်ခဲ့ကြသည့် ဘာသာရပ်ဆိုင်ရာပါမောက္ခများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ ကျင့်ဝတ်ကော်မတီအဖွဲ့ဝင်များ၊ အသည်းအစားထိုးကုသမှုဆောင်ရွက်ခဲ့သည့် လူနာများနှင့် အလှူရှင်များ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 01, 2022

မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 01, 2022

သီတဂူဆရာတော်ကြီး၏ နာဂဒေသတောင်ပေါ်မြေပြန့်၌ သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား နဝကမ္မ၊ ဆွမ်းဆန်၊ ဆီ၊ ဆေး ပစ္စည်းလေးပါး အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာအားကစားခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 01, 2022

မုဒုံ​မြေ အဆင့်မြင့်ရော်ဘာထုတ်လုပ်သူများ သမဝါယမအသင်း၊ အသင်းဝင်များ၏ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အရည်အသွေးကောင်းမွန်သော ရော်ဘာကြိတ်ပြားများထုတ်လုပ်နိုင်ရေး ပြုပြင်ဆောင်ရွက်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ရန်ပုံငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 31, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် နေကြာမျိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 31, 2022

မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများသည် ယင်းတို့ကိုကျွေးမွေးသည့် အစာအာဟာရအပေါ် များစွာတည်မှီနေကြောင်း၊ ထို့ကြောင့် ဒေသနှင့်ကိုက်ညီ ဖြစ်ထွန်းမှုရှိသည့် တိရစ္ဆာန်အစာပင်များ၊ အစာပင်အမျိုးအစားအလိုက် အာဟာရပါဝင်မှုများ အပါအဝင် တိရစ္ဆာန်အစာနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပျော်ဘွယ်မြို့နယ် မွေးမြူရေးသုတေသနစခန်းသို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 30, 2022

၂၀၂၂-၂၀၂၃ ခုနှစ် မိုးနှောင်းချည် မျှင်ရှည်ဝါ အထူးအထွက် တိုးစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အာဟာရပြည့် ရွက်ဖျန်းအားဆေး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 27, 2022

စီးပွားရေးသံမှူးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ၏စီးပွားရေးအခြေအနေကိုသာမက ကမ္ဘာ့စီးပွားရေးအခြေအနေကိုပါ ခြုံငုံသိရှိထားရန်လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Oct 27, 2022

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲခြင်းသည်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နေရောင်ခြည်စွမ်းအင်ရင်းမြစ်ပေါကြွယ်ဝသဖြင့် Mega Solar Power Project များအား အောင်မြင်စွာဆောင်ရွက်ခြင်းသည် အထူးသင့်လျော်ကောင်းမွန်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်