Skip to main content

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပုသိမ် ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြိုတော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က ၂ ကျောင်းသား/သူများက ဗိုလ်ရှုသဘင် သီချင်းဖြင့် ဂုဏ်ပြုဖျော်​ဖြေသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ်၊ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများ၊ ကလေးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများကို ချီးမြှင့်ခဲ့ကြ ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် တက္ကသိုလ်​/ကောလိပ်အဆင့် ကဗျာပြိုင်ပွဲတွင် ပထမဆုရ ကဗျာကို ဆုကျောင်းသား နည်းပညာတက္ကသိုလ်၊ BE ပထမနှစ်ကျောင်းသား မောင်ဟိန်းထက်နိုင်က ရွတ်ဆိုသည်။ ထို့အပြင် ပုသိမ်တက္ကသိုလ် သမိုင်းဌာနမှ ကထိက ဦးအောင်ဌေးက လွတ်လပ်ရေးနေ့ ပတ်သတ်၍ သိသင့်သိထိုက်သည်များကို ဟောပြောသည်။ ထို့နောက် အထိမ်းအမှတ်အဖြစ် ကျောင်းသူကျောင်းသားများက မနောမြေ၊ ဦးရွှေရိုး+ဒေါ်မိုး၊ ငြိမ်းချမ်းပါစေ မြန်မာမြေ၊ သီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ ၎င်းနောက် အ ထ က ၅ မှ ကျောင်းသားကျောင်းသူ များက ဇာတိမာန်သီချင်း သီဆိုဖျော် ဖြေကြပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်း​ထွေး၊ အစိုရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရ ကျောင်းသား/သူများ၊ ကလေးပြိုင်ပွဲများတွင် ဆုရသူများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်မြင့် (ပြန်/ဆက်)