Skip to main content

FIPRESCI Prize ဆုရ GOODBYE DRAGON INN ရုပ်ရှင်ဇာတ်ကားကို လေ့လာမှုအစီအစဉ် ပြုလုပ်မည်

ရန်ကုန်  ဇန်နဝါရီ  ၂

ဒါရိုက်တာ “Tsai Ming-Liang” ၏ လက်ရာကောင်းတစ်ခုဖြစ်သော “GOODBYE DRAGON INN” ရုပ်ရှင်ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ် (၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှု၍ ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှုအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

ယင်းအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၃၃)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါဇာတ်ကားသည် Drama Film အမျိုးအစားဖြစ်ပြီး အကြိမ် (၆၀) မြောက် Venice  International Film festival တွင် FIPRESCI Prize ဆုကိုရရှိခဲ့ကြောင်း၊ Sight and Sound Director’s Poll မှ​ ၂၀၁၂ ခုနှစ်တွင် ရွေးချယ်ခဲ့သည့် အ​ကောင်းဆုံးရုပ်ရှင်ဇာတ်ကား (၁၀)ကား စာရင်းတွင်လည်း ပါဝင်ခဲ့ကြောင်း၊ ဇာတ်လမ်းအကျဉ်းမှာ ရုပ်ရှင်ရုံတစ်ရုံတွင် ရုပ်ရှင်ပြစက်ကိုင် အလုပ်သမား လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဉီးတို့ ရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၎င်းရုပ်ရှင်ရုံအတွင်းသို့ ဂျပန်ခရီးသွားတစ်ဦး ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းအချိန်တွင် ရုပ်ရှင်သရုပ်ဆောင်ဟောင်း နှစ်ယောက်လည်း ရုပ်ရှင်ရုံထဲတွင် ရှိနေကြပြီး ရုပ်ရှင်ခေတ်ဟောင်းကို တမ်းတ​နေကြောင်း၊ သို့​ရာတွင် ရုပ်ရှင်ရုံအတွင်းရှိ ပရိသတ်များသည် မေတ္တာတရားဖြင့် ဖြေသိမ့်နိုင်ကြပုံကို အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်လမ်းကောင်း တစ်ခုဖြစ်ကြောင်း သိရသည်။

                                                                                                                           

သိန်းထိုက်သူ(FDC)