Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက်လွှတ်တော် အမတ်ဟောင်းအား လက်ခံတွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ   ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက် လွှတ်တော် အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုအား ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ   ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌   လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဂျပန် - မြန်မာ အသင်း၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး   ဆောင်ရွက်နေမှု၊ မြန်မာ-ဂျပန်  နှစ်နိုင်ငံ နှင့်  တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏  သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သတင်းစဉ်