လသာ ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကို လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၈)နာရီ အချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်း၊ ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်မြင်မြင့်အေးနှင့် တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမိုးဇော်စိုးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း၊ ရဲယာဉ်ထိန်းလုံခြုံရေးအဖွဲ့များ၊ သတင်းမီဒီယာများတက်ရောက် ခဲ့ပြီး တိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
မေသူ(ပြန်/ဆက်)