Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်အမှာ စကား ပြောကြား

 

နေပြည်တော်၊ ဖေဖော်ဝါရီ -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ယာယီသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစည်းအဝေးအဖွင့်အမှာစကားပြောကြား ရာတွင် တပ်မတော်မှ တာဝန်ယူပြီးနောက်ပိုင်း အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ပိုင်းဆိုင် ရာများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးခန့်အပ် ခြင်းဖြစ်ပြီး ယခုခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်အတွက်၊ တိုင်းပြည်အတွက် အမှန်တကယ် ဆောင်ရွက် နိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ကို ယုံကြည် ကြောင်း၊ အားလုံးသည် အတွေ့အကြုံရှိပြီး၊ အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ မိမိတို့၏အတွေ့အကြုံနှင့် အရည်အချင်းများကိုအသုံးချပြီး မိမိတို့ကျရာကဏ္ဍအလိုက် ဆောင်ရွက်ရန်အတွက် တာဝန်ပေး အပ်ခြင်း ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် စုပေါင်း ဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန များအလိုက်တာဝန်ယူ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်မည် ဆိုသည့် မူနှင့်သာသွားစေချင်ကြောင်း၊ အဓိကမှာ တိုင်းပြည်အနေနှင့်ဖြတ်သန်းလာရသည့် ဒီမိုကရေစီအစိုးရနှစ်ခု၏ တိုင်းပြည် အတွေ့အကြုံနှင့် နိုင်ငံတကာ၏ အတွေ့အကြုံများ ကိုကြည့်ပြီး ကောင်းသည့်အချက် များကို ပိုပြီးခိုင်ခိုင်မာမာဖြစ်အောင် ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကောင်း ရှိသလို အဆိုးများလည်းရှိကြောင်း အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံရာမှာ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ၊ ကြားနေမူဝါဒ နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံ အားလုံးနှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေး၊ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး()ရပ် အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ မိမိတို့နိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းဆိုရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြောခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၏ Stand အပေါ်တွင်သာယူပြီး သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့် သာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလ တာဝန် ယူရသော အဖွဲ့အစည်း ဖြစ်သဖြင့် မှားယွင်းဆောင်ရွက်၍မရဘဲ အလေးထား ဆောင်ရွက်ရန် လိုကြောင်း၊ ဒီမိုကရေစီ စနစ်ကိုလျှောက်လှမ်းရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှာကြားရာတွင် မဲစာရင်းမှားယွင်းမှုများ ကို ဖော်ထုတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းပြီး ဆောင်ရွက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး မဲစာရင်းစိစစ်မှုများနှင့်ပတ်သက်၍ တပ်မတော်မှ ထုတ်ပြန်ချက်များ သည် ခိုင်မာမှုရှိကြောင်း၊ မဲစာရင်း မှားယွင်းမှုများအား တပ်မတော်မှ စတင်သိရှိချိန်တွင် ရှင်းလင်း ဆောင်ရွက်နိုင် ရန်အတွက် ထုတ်ပြန်ချက်များထုတ်ပြန် ခဲ့ကြောင်း၊ သို့သော် ယခင်ရွေးကောက်ပွဲကော်မရှင်မှ တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ မြို့နယ် ၃၁၄ မြို့နယ်ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ စစ်ဆေးတွေ့ရှိချက်များတွင် နည်းပညာအရ ကွန်ပျူတာ၏ ဖတ်ရှုမှု Error အနည်းငယ်မှလွဲ၍ ကြီးမားစွာမှားယွင်းမှုမရှိကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ် များဖြင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းများအားဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ မှန်မှန် ကန်ကန်ရှိ စေရန် အတွက်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေး သန်းခေါင်စာရင်းများ အပေါ် မူတည်၍ စာရင်းများမှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မှတ်ပုံတင် မရရှိသေး သည့် နိုင်ငံသားများအား အမြန်ဆုံးရရှိအောင်ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် မှတ်ပုံ တင်မရရှိသေးသည့် တိုင်းရင်းသား များရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သမာသမတ်ရှိစွာဖြင့် ဆောင်ရွက်ရန် လိုကြောင်း ပြောကြား သည်။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍မှာကြားရာတွင် ယခုအခါ COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအား အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန် ထားသည့် အမိန့်များသည် ပြင်ဆင်ချက်မထုတ်ပြန်မီအချိန်အထိ အတည်ပင် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း စည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်ပမှမှာယူထားသည့် ကာကွယ်ဆေးများရောက်ရှိ ရေးအတွက် လည်း လိုအပ်သည့် လေယာဉ်ဖြတ်သန်းခွင့်ကိစ္စရပ်များအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊ COVID-19 ရော ဂါဖြစ်ပွားနေချိန်ကာလအတွင်း နိုင်ငံရပ်ခြား တွင်ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေကြ ရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန် ဆုံးပြန် လည်ခေါ်ယူနိုင်ရေး စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ရောဂါကို ကြိုတင် ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း၊ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းများတွင် ကုသခြင်းမှာကုန်ကျ စရိတ်များကြောင်း၊ ကာကွယ်မှုကိုဆောင်ရွက်ရာတွင် လူအများ ကို ကူးစက်ခံမည့်အစား စစ်ဆေးမှုများ ပိုမိုပြုလုပ်၍ ထိန်းချုပ်ဆောင်ရွက်ပါက ကူးစက် မှုများ လျော့ကျသွား မည်ဖြစ် ကြောင်း၊ တရုတ် နိုင်ငံတွင်လည်း မြို့လုံးကျွတ်   စစ်ဆေးပြီး ကူးစက်သူများကို ခွဲထုတ်၍ ထပ်မံကူးစက်မှုများကို လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ အနေနှင့် လည်း အတတ်နိုင်ဆုံးစစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသာမက သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ပူးပေါင်း ကူညီဆောင် ရွက်ရန် လိုကြောင်း၊ ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး အဆောက်အဦများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုလုပ်ပေးသွားရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား သည်။

စီးပွားရေးနှင့်ပတ်သက်၍ မှာကြားရာတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ယခု ကာလတွင် အကြောင်းအမျိုးမျိုးကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသဖြင့် စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံ သားများသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအခြေခံ၍ ဆောင်ရွက်ကြကြောင်း၊ နိုင်ငံ့ စီးပွားရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ပစ်ပယ်ထား၍မရကြောင်း၊ တစ်ကမ္ဘာ လုံးတွင် လူဦးရေ ဘီလီယံကျော်ရှိကြောင်း၊ ထို့ကြောင့် ရိက္ခာလိုအပ်ချက်အမြဲရှိနေမည် ဖြစ်ကြောင်း၊ အဆိုပါရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက် မည်ဆိုပါက မိမိတို့နိုင်ငံ ရှိ ပြည်သူများ အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် စီးပွားရေးကိုနလန်ထူ အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေ သူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန်လိုကြောင်း၊ ရပ်တန့်ထားသည့်စက်ရုံများကိုလည်း COVID-19 စည်းကမ်း ချက်များနှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချို့ စက်ရုံအလုပ်ရုံများသည် COVID-19 စည်းကမ်းချက်များကိုလိုက်နာမှုမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြ သူများအား သွားလာရေး စည်းကမ်းများ စနစ်တကျရှိစေ ရန်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို အသက်သာဆုံးဈေးနှုန်းများဖြင့် ရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကိုနိုင်ငံတော်မှ ကျခံဆောင်ရွက် ပေးရန် လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေး ရန်ပုံငွေများမှ မဖြစ်မနေ ဆောင်ရွက် ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများ အား COVID-19 စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး COVID-19 စည်းကမ်းများနှင့် အညီ နေထိုင် လုပ်ကိုင်ဆောင် ရွက်ရန်အတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ကြပ်မတ် ဆောင်ရွက်ရန် လိုပြီး ပြည်သူများအနေဖြင့် တာဝန်သိစွာဖြင့် လိုက်ပါဆောင်ရွက်ရန် လိုကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ လူထုမှအသိပညာများရရှိစေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ပြန်ကြားပေးရန် လိုကြောင်း၊ ပြန်ကြား ပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေ ပေးရန် ဆိုသည့်မူဝါဒအတိုင်း ဖျော်ဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းသည့် ဖျော်ဖြေမှုများဖြစ်ရန်လိုကြောင်း၊ ခေတ်မီသည် ကိုအားပေးသော်လည်း ခေတ်လွန်သည် ကိုအားမပေးကြောင်း၊ COVID-19 ကြောင့်ဖြစ်ပွားလာသည့် စီးပွားရေးကျဆင်းမှုကို ပြန်ပြီးနလန်ထူလာအောင် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြီး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

 လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှု နှင့် ပတ်သက်၍ မိမိတို့ကဏ္ဍ အလိုက်ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိအနေဖြင့် ဥပဒေနှင့် အညီဖြစ်အောင် အမြဲဆောင်ရွက်လျက် ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့် အညီဖြစ်အောင် ကြိုတင်စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေနှင့် အကြိမ်ကြိမ် မေတ္တာရပ်ခံဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း၊ နောင်ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ် လာမည့်အစိုးရတာဝန်မယူမီ မိမိတို့ အနေဖြင့် တိုင်းပြည်ကို တည့်မတ်ထိန်းသိမ်းပေးရန်လိုကြောင်း၊ အခြေအနေ အမျိုးမျိုးကြောင့် ယိမ်းယိုင်နေသည့်အခြေအနေများကိုလည်း ကူညီတည့်မတ်ပေးရန် လိုကြောင်း၊တိုင်းပြည် ကို တည်ငြိမ်အောင် ဆောင်ရွက်ရာတွင် ဥပဒေအရဆောင်ရွက်ရမည် များရှိကြောင်း၊ အရေးပေါ် ကာလ တစ်နှစ်သတ်မှတ်ထားချိန်တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး ပိုင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း များနှင့်အညီ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့် ကိစ္စကို ဆောင်ရွက် သည်ဖြစ်စေ ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြား သည်။

ထို့နောက် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲပြန်လည် ကျင်းပရန် အတွက် လိုအပ်သည့် သန်းခေါင်စာရင်းများ မှန်ကန်အောင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဘုရား၊ စေတီပုထိုးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များအား မှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအားရှင်းလင်းတင်ပြကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ပြီး အစည်း အဝေးအား ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။