Skip to main content

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်တင်ဆက်မည်

ရန်ကုန်၊  ဖေဖော်ဝါရီ  ၃


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ (ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် ညတွင် ပွဲစဉ် (၉) ကို ဆက်လက်ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဂီတမှူးစန္ဒရားမောင်လှအေး တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် ကိုအေးသန်း၊ ကေတုဝင်းထွတ်၊ တက္ကသိုလ်ကိုကိုဇော်၊ ချိုမာလေး၊ ခင်ခင်၊ မေသက်ထားဆွေနှင့် ခင်ပိုးပန်းချီတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်