နေပြည်တော် ဖေဖော်ဝါရီ ၃
နေပြည်တော် ရေပန်းဥယျာဉ်တွင် ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့စ၍ တစ်လခန့်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပန်းပွဲတော်တွင် နိုင်ငံကျော်တေးသံရှင်များနှင့် အပတ်စဉ် ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး စားသောက်ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်သည်။
ပန်းပွဲတော်ကာလအတွင်း ရေပန်းဥယျာဉ်အတွင်းဝင်ကြေးကို လူကြီး၊ ကလေးတစ်ဦးလျှင် ကျပ်(၁၅၀၀) သတ်မှတ်ထားကာ (၅)နှစ်အောက်ကလေးများကို အခမဲ့ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရွှေပင်လယ်၊ သုတေသန
ဓာတ်ပုံ−Nay Pyi Taw Water Fountain Park