Skip to main content

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၂-၂၀၂၀ ရက်နေ့၊ ည (၉:၄၀) နာရီ)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာနေ အသက် (၄၅)နှစ် အရွယ် အမျိုးသားတစ်ဉီးသည် (၂၅-၁-၂၀၂၀)ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း စသည့်ရောဂါလက္ခဏာများစတင်ခံစားခဲ့ရပြီး (၁-၂-၂၀၂၀)ရက်နေ့တွင် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ဆေးကုသမှုခံယူခဲ့ရာ ဆေးရုံတွင် စမ်းသပ်တွေ့ရှိချက်များအရ ကိုယ်အပူချိန်မြင့်တက်လျက်ရှိပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာလက္ခဏာများ တွေ့ရှိရပါသည်။ လူနာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မုံးတိန်မြို့သို့ (၂၆-၁၂-၂၀၁၉) ရက်နေ့မှ (၂၈-၁-၂၀၂၀) ရက်နေ့အထိ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသဖြင့် လူနာအား သံသယ (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုပေးလျက်ရှိပါသည်။

လူနာထံမှ ဓာတ်ခွဲနမူနာများရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးနိုင်ရေးအတွက် ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါ စောင့်ကြည့် လူနာနှင့် သံသယလူနာများ တွေ့ရှိပါက ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Ref;  Ministry of Health and Sports