Skip to main content

မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော သင်တန်းသားများအား ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ MEO Class 1, Refresher Course (6/2019) နှင့် MEO Class I&II Combined Course (10/2019) တို့တွင် တစ်ကြိမ်တည်းဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော သင်တန်းသားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် ကျောင်းအုပ်ကြီး ဦးဇော်လွင်ဦးက ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ကြသည့် CE Officer (၃)ဦးနှင့် 2nd Engineer Officer (၇)ဦး စုစုပေါင်း (၁၀)ဦးတို့ကို ဂုဏ်ပြုဆုများ ပေးအပ်သည်။

ထို့နောက် ဆရာဦးသန်းလွင်မှ ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုစကားပြောကြားပြီး ရေကြောင်း ပညာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများအား ကိုယ်တိုင်ရေးသား ထုတ်ဝေထားသည့် စာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်