Skip to main content

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပူးပေါင်းကော်မတီအတွင်းရေးမှူး အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်များ အားလုံးပါဝင်သည့် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ ဝင်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို တင်သွင်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်စားပြုကိုယ်စားလှယ်များဖြစ်သော ဦးသိန်းထွန်း (ကျောင်းကုန်းမဲဆန္ဒနယ်)၊ ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်)၊ ဗိုလ်မှူးချုပ်မောင်မောင် (တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဗိုလ်မှူးချုပ် အောင်စန်းချစ် (တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးစိုင်းသန်းနိုင် (ကရင် ပြည်နယ်၊မဲဆန္ဒနယ်အမှတ်-၅)၊ ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို (ဒေါပုံမဲဆန္ဒနယ်)တို့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့ကျင်းပသည့်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် ဥပဒေရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်ချက်များကို အတည်ပြုခြင်းနှင့် လေ့လာစိစစ်ရေး ပူပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် အစီရင်ခံစာပြုစုရန် အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်