နေပြည်တော် ဖေဖော်ဝါရီ ၅
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးရေးစခန်းတို့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၄ ရက်က မရမ်းချောင် စစ်ဆေးရေးစခန်းမှ တားဆီး/ဖမ်းဆီးမှု လေးမှု စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁ ဒသမ ၅၈၅ သန်းအား ဖမ်းဆီးရမိခဲ့သည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဖေဖော်ဝါရီ ၄ ရက်က မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ Nissan Condor Truck (6W) ယာဉ်တစ်စီးပေါ်တွင် တရားမဝင် သိုဝှက်တင်ဆောင်ထားသည့် ကန့်သတ်ကုန် ပစ္စည်းဖြစ်သော ကွမ်းစားဆေးမွှေး (1x10x30) 115 Pkg နှင့် ပစ္စည်း သယ်ဆောင်လာသည့် ယာဉ်တစ်စီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁ သန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်