Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၅

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဖေဖော်ဝါရီ ၈ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် ပြည်ထောင်စုနေ့သည် မြန်မာပြည် လွတ်လပ်ရေးရရှိချိန် ကြိုးပမ်းခဲ့မှု သမိုင်းတွင် အရေးပါသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပုံအကြောင်းကို ရေးဖွဲ့ထားသော ဆရာဝင်းဖေ (အဖျောက်)၏ “ပြည်ထောင်စုနေ့” မျက်နှာဖုံး ဇာတ်လမ်း၊ ဝေလငါးမျိုး စိတ်တို့၏ သဘောသဘာဝနှင့် ၎င်းတို့၏ မျိုးစိတ်တချို့မှာ သီချင်းကိုပါ သီဆိုနိုင်ပုံ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဝေလငါးရဲ့ သီချင်းသံ” သုတဆောင်းပါး၊ ဆရာကြီးပြောဆိုသော ဆုံးမစကားများကို ပြန်လည်ကြားယောင်လာကာ လိုက်နာကျင့်သုံးခဲ့သော တပည့်ရွှေပိုး၏ လုပ်ဆောင်ပုံကြောင့် ဆရာကြီးအား ဂုဏ်ယူနိုင်စေခဲ့ပုံအကြောင်းကို ပညာပေး ရေးဖွဲ့ထားသည့် “ရပါ တယ်ဆရာကြီး” နှစ်မျက်နှာကာတွန်း၊ အချို့သော ကလေးငယ်များသည် ပိုဂရုစိုက်ခြင်းကို ခံချင်ကြသူများဖြစ်၍ သူတို့အား ဆရာ ဆရာမများအနေဖြင့် မသိနားမလည် သည်များကို သေသေချာချာ ရှင်းပြကာ ပိုမိုဂရုစိုက်ပေးသင့်ကြောင်း ရေးဖွဲ့ထားသည့် “ဒီကလေးမျိုးကို ပိုဂရုစိုက်ပေးပါ” ကလေးဝတ္ထုတိုအပါအဝင် ရွှေသွေး အင်္ဂလိပ်စကားဝိုင်း၊ ဉာဏ်စမ်းကဏ္ဍ၊ ကဗျာ စုံလင်စွာဖြင့် ရေးဖွဲ့ထားသည့် ဖတ်စရာမှတ်စရာများ ပါရှိကြောင်း သိရသည်။

 

သတင်းစဉ်