နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ ပြည်ထောင်စုနယ်မြေ ဒေလီ၏ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ လေ့လာရန်အတွက် ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်မှ တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
( သတင်းစဉ်)