Skip to main content

မိတ္ထီလာခရိုင်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်နှစ်ကထက် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်း

 

မိတ္ထိလာ ဇန်နဝါရီ  ၃

မိတ္ထီလာခရိုင်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်နှစ်ကထက် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်း ခဲ့ကြောင်း အမှတ်(၉၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မိတ္ထီလာ)ရုံးမှ သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များအတွင်းရှိ ဒေသခံများ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင် ၊ စီးနင်း၍ သွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရန် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)ရုံးမှ တပ်ဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ၊ ယာဉ်မောင်းများ၊ ဝန်ထမ်းများကို  မော်တော်ဆိုင်ကယ်စီးနင်းရာတွင် လည်းကောင်း၊ မော်တော်ကားများ မောင်းနှင်ရာတွင် လည်းကောင်း ယာဉ်စည်းကမ်းလမ်းကမ်းများ သိရှိလိုက်နာစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် အသိပညာပေးလုပ်ငန်း အကြိမ် (၈၀) ဆောင်ရွက်နိုင်သည့်အပြင်  ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာခြင်းမရှိသည့် စည်းကမ်းပျက် ယာဉ် များကိုလည်း ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ တွင်လည်း စည်းကမ်းပျက်ယာဉ် (၁၈၀၈) စီးကို လည်း အရေးယူဆောင်ရွက်နိုင်ခဲ့သည်။ ၎င်းအပြင် မော်တော်ဆိုင်ကယ်စီးနင်းရာတွင် မော်တော်ဆိုင်ကယ်ဖြင့် နေ့စဉ်သွားလာလှုပ်ရှားနေသူများ   ယာဉ်မတော်တဆဖြစ်ပွားပြီး ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ မဖြစ်ပွားစေရန် အရည်အသွေးပြည့်မီသော မော်တော်ဆိုင်ကယ် စီး ဦးထုပ်များကို ဝတ်ဆင်၍ စီးနင်းကြ စေရန်   ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍    မော်တော် ဆိုင်ကယ်စီးဦးထုပ်များ  အခမဲ့ဖြန့်ဝေခဲ့ပေးနိုင်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ၊ စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင်း မိတ္ထီလာခရိုင်အတွင်း၌ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ယဉ်မတော်တဆမှု (၃၄၃) မှုဖြစ်ပွားခဲ့ရာ ယခင်နှစ်ကထက် လျော့နည်းခဲ့ကြောင်း အမှတ်(၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ရန်နိုင်က ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(ပြန်ဆက်)