Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြင့်မောင် ထားဝယ်မြို့၌ကျင်းပသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်   ဖေဖော်ဝါရီ    ၁၂

(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စုရပ်ဖြစ်သော ရွှေဝယ်သီရိအားကစားကွင်းအရှေ့ ၌ ကျင်းပသည်။

ထို့နောက် အသက်(၁၅)နှစ်အောက် ဝါသနာရှင်လူငယ်မောင်မယ် (၁၀၀၀)ဦး ပါ၀င်ယှဉ်ပြိုင်ရာ ရှေးဦးစွာ မာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က  တာလွှတ်ပေးသည်။

ထို့နောက် ဝါသနာရှင်လူငယ်မောင်မယ်များက ရွှေဝယ်သီရိအားကစားကွင်းအရှေ့မှ မီးသတ်လမ်းဆုံ ဥတ္တံတားကြီးလမ်းဆုံ ၊ ၄င်းမှတဆင့် အစိုးရအဖွဲ့ရုံးအရှေ့လမ်းဆုံ၊ အာဇာနည်လမ်းအတိုင်း ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၊ ၄င်းမှတဆင့် ဘယ်ချိုး၍ တိုင်းအားကစားကွင်း လမ်းအတိုင်း ၊ ရွှေဝယ်သီရိအားကစာကွင်းအတွင်းသို့ ပန်းဝင်ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က (၁)မှ(၅၀)အထိ ပန်းဝင်သော လူငယ်မောင်မယ်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

ကျော်ကျော်လတ်(IPRD)