Skip to main content

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် ရုပ်ရှင်ဇာတ်ညွှန်းရေးသားနည်းသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၂


CTA ရုပ်ရှင်ဇာတ်ညွှန်းရေးသားနည်းသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ က ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ သင်တန်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အမှာစကားပြောကြား ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် CTA ရုပ်ရှင်ဇာတ်ညွှန်း ရေးသားနည်းသင်တန်း တည်ထောင်သူ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က နိုင်ငံ တကာမှ ရုပ်ရှင်ကြည့်ပရိသတ်များနှင့် နိုင်ငံတကာစျေးကွက် ကိုက်ညီမှုရှိသည့် ရုပ်ရှင်ဇာတ်ညွှန်းများ ဖန်တီးနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းဆရာ ဦးသီဟဝင်းထိန်က ဆုများ ရွေးချယ်ချီးမြှင့်ခြင်း နှင့် ပတ်သက်၍ ပြောကြားပြီး သင်တန်းအပတ်စဉ် (၁/၂၀၁၉) နှင့် (၂/၂၀၁၉) သင်တန်းများမှ ထူးချွန်သူများကို ရွေးချယ်ကာ The Best Archetype Award နှစ်ဆု၊ The Best Hero’s Journey Award နှစ်ဆုနှင့် The Best Story Award နှစ်ဆု၊ Special Award တစ်ဆု စသည့်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
CTA ရုပ်ရှင်ဇာတ်ညွှန်းရေးသားနည်းသင်တန်းကို University of South- ern Califonia မှ ဒီပလိုမာရရှိခဲ့သည့် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ဦးစီး၍ ဦးရောဘတ်နှင့်အတူ သုံးလကြာ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းထိန်(FDC)