Skip to main content

ကျောက်မျက်အတွဲ (၂၈၆) တွဲနှင့် ကျောက်စိမ်းအတွဲ (၃၆၉၅) တွဲ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်

နေပြည်တော် ဇန်နဝါရီ ၃ 

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ပြသရောင်းချပွဲတွင် ကျောက်မျက်အတွဲ (၂၈၆) တွဲနှင့် ကျောက်စိမ်းအတွဲ (၃၆၉၅) တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမဝင်းအတွင်းဆက်လက်ကျင်းပလျက်ရှိရာ သတ်မှတ်ဇုန်နေရာများအလိုက်ခင်းကျင်း ပြသထားသည့်ကျောက်မျက်ရတနာများအား ရတနာကုန်သည်များက လွတ်လပ်စွာလေ့လာ ကြည့်ရှုကြပြီး တင်ဒါပုံးများအတွင်း တင်ဒါများထည့်သွင်းလျက်ရှိသည်။

ကျောက်မျက်အတွဲ (၂၈၆) တွဲကို ဇန်နဝါရီ ၄ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ်(၁)မှ (၁၂၅၀) အထိကို ဇန်နဝါရီ ၅ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် (၁၂၅၁) မှ (၂၅၀၀) အထိကို ဇန်နဝါရီ ၆ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် (၂၅၀၁) မှ  (၃၆၉၅) အထိကို ဇန်နဝါရီ ၇ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

(သတင်းစဉ်)