လောင်းလုံး ဖေဖော်ဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အဖြစ် လောင်းလုံးမြို့တွင် မြို့တော်ခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ သည်။
ရှေးဦးစွာ ပဉ္စသီမော်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးကဉ္စနထံမှ ငါးပါးသီလခံယူ စောင့်တည်ပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်ဆန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ ဆက်လက်နာယူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းအတွက် ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေသည်။
အဆိုပါ လောင်းလုံးမြို့တော်ခန်းမဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်ဆန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သိန်းသိန်း(ပြန်/ဆက်)