Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့်အသင်းအဖွဲ့ စိတ်ဓာတ် ပိုမိုရရှိစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဒုတိယအကြိမ် ထမနဲ ထိုးပွဲကို နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ယနေ့ မွန်းလွဲပိုင်းတွင် စည်ကား သိုက်မြိုက်စွာကျင်းပရာ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းမိသားစုများ ပါဝင်သည့်ပြိုင်ပွဲဝင် အဖွဲ့(၄)ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က တက်ရောက် အားပေးစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသော အဖွဲ့များကို ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်