Skip to main content

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှအနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်မည်


နေပြည်တော် ဖေဖော်ဝါရီ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်း နှင့် ဂျပန်နိုင်ငံမှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သည့် ဂျပန် အနုပညာ ရှင်များ ပူးပေါင်း ဖျော်ဖြေတင်ဆက်သည့် "Myanmar National Symphony Orchestra Concerts 2020" ဖျော်ဖြေပွဲများကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ Novotel Hotel ၌ ညနေ ၆ နာရီမှ ည ၉ နာရီအထိလည်းကောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော် MICC-II ၌ ညနေ ၆ နာရီမှ ည ၉ နာရီအထိ လည်းကောင်း ဖျော်ဖြေတင်ဆက်မည်ဖြစ်ရာ အဆိုပါ ထူးခြားသည့် ဂန္ထဝင်ဂီတ ဆည်းဆာ ဖျော်ဖြေပွဲများကို မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Tel. 09-5006552, 067-06779086, 01-527122 Ex.308၊ ဂျပန်သံရုံး Tel.01-549664-48 နှင့် info.cul@yn.mofa.go.jo များသို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

သတင်းစဉ်