နေပြည်တော် ဖေဖော်ဝါရီ ၁၄
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နေထိုင်သော အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရင်ကျန်းမြို့မှ (၁၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနေ့ ညနေမှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ်ပြည်သူ့ ဆေးရုံသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၃။ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နေထိုင်သော အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မုန်တိမ်မြို့မှ (၄-၂-၂၀၂၀) ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၁၂-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာ များခံစားခဲ့ရသဖြင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသ ခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲနမူနာ ရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၄။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မိန်းတိန်မြို့မှ (၁၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၆-၂-၂၀၂၀) ရက်နေ့မှစတင်၍ အနည်းငယ်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာချေခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း၊ (၁၄-၂-၂၀၂၀) ရက်နေ့တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေး လျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။
၄။ ယနေ့ (၁၄-၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ လူနာ (၂၁) ဦးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။
Ref; Ministry of Health and Sports, Myanmar