Skip to main content

ယူဇနာမွှေး လုံးချင်းဝတ္ထုစာအုပ် မိတ်ဆက်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၆

စာရေးဆရာမ မလှမွန်(ရေနံ့သာ)၏ ယူဇနာမွှေး လုံးချင်းဝတ္ထုစာအုပ် မိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီ က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်း ခန်းမ၌ ကျင်းပသည်။

စာအုပ်မိတ်ဆက်ပွဲတွင် စာရေး ဆရာများဖြစ်ကြသည့် ဆရာ ရေနံ့သာ ဝင်းမောင်၊ ဆရာမ မစန္ဒာနှင့် ဆရာမ ဂျူးတို့က ယူဇနာမွှေးစာအုပ်နှင့် ပတ်သက်၍ အမှတ်တရစကားများ ပြောကြားကြသည်။

ထို့နောက် စာရေးဆရာမ မလှ မွန်(ရေနံ့သာ)က ယူဇနာမွှေးစာအုပ် ကို ရေးသားခဲ့ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဆရာ ဦးခင်မောင် တင် (မဟာဂီတသုတေသီ-ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) အနုပညာ ဦးစီး ဌာန)နှင့် ဆိုင်းမြစတင်း (ပတ္တလားပညာရှင်) တို့က စာပေနှင့် ဂီတ ပေါင်းကူး ဆက်နွှယ်ခြင်း ဆိုင်ရာ များကို ဟောပြောကြသည်။

အဆိုပါစာအုပ်ကို နံ့သာမွန် စာပေတိုက်မှ ထုတ်ဝေဖြန့်ချိပြီး စာအုပ်တန်ဖိုးမှာ တစ်အုပ်လျှင် ငွေကျပ် ၃၅၀၀ ဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံ-ရီရီမြင့်