Skip to main content

အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကြေညာ

နေပြည်တော်  ဇန်နဝါရီ  ၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိဝန်ဆောင် စာချဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း ပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းပေးနေကြ သည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်သည့် အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၂၀) ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များအပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟတံဆိပ်အပ်နှင်းသည့် အမိန့် ကြော်ငြာစာအမှတ်(၃/၂၀၂၀)ကိုလည်းကောင်း၊ စစ်မှုထမ်းကောင်းတံဆိပ်အပ်နှင်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၄/၂၀၂၀) ကိုလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ်(၅/၂၀၂၀)ကို လည်းကောင်း၊ ရဲမှုထမ်းကောင်းတံဆိပ်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၂၀) ကိုလည်းကောင်း၊ နိုင်ငံတော် ရဲမှုထမ်းတံဆိပ်အပ်နှင်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၇/၂၀၂၀) ကိုလည်းကောင်း၊ ပြည်သူ့ဝန်ထမ်း တံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၀) ကိုလည်းကောင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာလိုက် ကြောင်း သိရသည်။

သတင်းစဉ်