Skip to main content

အကယ်ဒမီထူးချွန်ဆုအတွက် ပထမအကျော့ ဇာတ်ကား ၇၀ ကျော် အကဲဖြတ်ထား အကယ်ဒမီဆုပေးပွဲ ရွှေကြိုအတွက် ဇန်နဝါရီ ၁၇ ရက်အထိ လျှောက်ထားနိုင်

ရန်ကုန်  ဇန်နဝါရီ   ၄

၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် စိစစ်ရွေးချယ်ရေးအဖွဲ့ ၂၄ ဦးမှ ရုပ်ရှင်ဇာတ်ကား ၉၇ ကားတွင် ဇာတ်ကား ၇၀ ကျော်ကို စိစစ်ရွေးချယ်ရေး ၂၄ ဦးမှ ပထမအကြိမ်အဖြစ် စိစစ်ရွေးချယ်လျက်ရှိကြောင်း သိရသည်။

“အကယ်ဒမီပေးပွဲက မတ်လထဲမှာဆိုတော့ နီးလာပြီ။ ဒီနှစ် ရွှေကြိုအတွက် ခါတိုင်းလိုအနုပညာ ရှင်တွေရဲ့ သားသမီးတွေကိုရွေးပြီး လေ့ကျင့်ပေးတယ်။ ဒီနှစ်အပြင်က ကလေးတွေလည်း ပါဝင်နိုင်အောင် မည်သူမဆို လျှောက်ထားနိုင်တယ်။ လျှောက်လွှာ ၄၀၀ ရပါပြီ။ ဇန်နဝါရီ ၁၇ ရက်ထိ လျှောက်လို့ရတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ စစ်မယ်။ ပထမ ရက်ကစပြီး တစ်ရက်ကို လူ ၁၀၀ စီ စပြီး စစ်ဆေးမှာပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှဒုတိ ယဥက္ကဋ္ဌ(၁) ဦးအေးကြူလေး က ပြောသည်။

အကဲဖြတ်စိစစ်

၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် အကဲဖြတ်စိစစ်ရွေးချယ်ရေး အဖွဲ့ ၄၅ ဦးကျော်ဖြင့် ရွေးချယ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာတွင် ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ အသံနှင့် ဇာတ်ညွှန်းအပါအဝင် ကဏ္ဍရှစ်ခုအတွက် ပထမဆုံးအကြိမ်အဖြစ် စိစစ်ရွေးချယ်ရာတွင် ၂၄ ဦးဖြင့် ရွေးချယ်လျက်ရှိသည်။ ယခုစိစစ်ရွေးချယ်ရေးတွင် ဦးရန်အောင်၊ ဦးလွင်မိုးနှင့် ဝါရင့်အမျိုး သမီးသရုပ်ဆောင်တို့လည်း ပါဝင်ကြောင်း သိရသည်။

ရုပ်ရှင်ဥပဒေကို ပြဋ္ဌာန်း

မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်နှင့် မြန်မာ့ရုပ်ရှင်ဖခင်ကြီးများ အဆောက်အဦကိုလည်း ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ရုပ်ရှင်ဥပဒေ ပေါ်ထွက်လာရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါမူကြမ်းကို ပြန်လည်ပြုစုရေးဆွဲ၍ တင်ပြပြီးနောက် ရုပ်ရှင်ဥပဒေကို ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း၊ အကယ်ဒမီ ထူးချွန်ဆုအတွက် ရုပ်ရှင်ဇာတ်ကား ၉၇ ကားမှရွေးချယ်ထားသော ဇာတ်ကားများကိုလည်း ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် အဆင့်ဆင့်ဆက်လက်စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထိုက်