Skip to main content

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ

ဟားခါး  ဇန်နဝါရီ  ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၌  ကျင်းပပြုလုပ်ရာ ရှေးဦးစွာ  နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စစ်ဗျူဟာ အခြေချ (ဟားခါး) ဂုဏ်ပြုတပ်ဖွဲ့မှ တိုင်ထိပ်သို့ အစီအစဉ်အတိုင်း လွှင့်တင်ပေးခဲ့ကြပြီး နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ဆက်လက်ပြီး နံနက်၇ နာရီအချိန်တွင် ဟားခါးမြို့ မြို့တော်ခန်းမ၌  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖတ်ကြားသည်။        

ထို့နောက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဘောလီ ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို  ပြည်နယ် ဝန်ကြီး ချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်ဦးဝင်းမြင့်ကျော်၊ ပြည်နယ် ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတိတ်ထန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတိတ်ထန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

မြင့်နိုင်စိုး (ပြန်/ဆက်)