Skip to main content

၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်

နေပြည်တော် ဖေဖော်ဝါရီ ၂၄

၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ဓာတ်ပုံ ပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လအတွင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများ ဖိတ်ခေါ် ယှဉ်ပြိုင်ခဲ့ရာ ဆောင်းပါး ၈၃ ပုဒ်၊ ဝတ္ထုတို ၄၆ ပုဒ်၊ ကဗျာ ၆၈ ပုဒ်နှင့် ဓာတ်ပုံ ၄၂၇ ပုံတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ဆောင်းပါးပြိုင်ပွဲတွင် ဒေါ်ရွှေရွှေမြင့် (ရွှေလေညင်း) က ရောဂါကင်းလို့ကျန်းမာဖို့ နေ့စဉ်လမ်း လျှောက်ကြပါစို့ဖြင့် ပထမ၊ မာလာဦးက ရောဂါကင်းလို့ကျန်းမာဖို့ နေ့စဉ်လမ်းလျှောက်ကြပါစို့ဖြင့် ဒုတိယ၊ မို့မို့အောင်သန်း (ဥပဒေ) က နိုင်ငံ့အားကစားမြှင့်တင်ရန် လူထုအားကစား ကို အခြေခံဖြင့် တတိယရရှိကြပြီး ဇော်မင်းဌေး (ထားဝယ်)၊ ဒေါ်ခင်အုန်းမြင့် (မယ်မွှေး- ပညာရေး)၊ ဒေါ်မေနှင်းသန့် (နှင်းပွင့်ဖြူ)၊ ဦးဝင်းတင် (မဟော်ဂနီ)၊ ဧရာမောင်တို့က နှစ်သိမ့်ဆုများကို လည်းကောင်း၊ ဝတ္ထုတိုပြိုင်ပွဲတွင် ဦးဇော်လင်း (လင်းထက်-အင်းတော်ကြီး) က ပီတိစား၍ အားရှိသည်ဖြင့် ပထမ၊ ခင်လပြည့်ဝန်းက နှင်းပုံရိပ်လွှာဖြင့် ဒုတိယ၊ ဒေါ်မေစိမ်းဝင်း (ကောင်းကင်မေ-စီးပွားရေးတက္ကသိုလ်) က ပန်းနုရောင် ဝေါ့ကင်းရှူးလေး ဖြင့် တတိယရရှိကြပြီး ဒေါ်သဉ္ဇာမိုး (သဉ္ဇာလှိုင်-လားရှိုး)၊ ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)၊ ဦးစိုးမိုးကျော် (နွေကံ့ ကော်-မြို့လှ)၊ ဦးမြင့်မောင် (မောင်စူးရှ-အနောက်ရိုးမ)၊ တင်မိုးအေးတို့က နှစ်သိမ့်ဆုကို လည်းကောင်း၊ ကဗျာ ပြိုင်ပွဲတွင် ဒေါ်မြင့်မြင့်သန်း (မြင့်-ရွှေဘို) က နိုင်ငံ့အားကစားမြှင့်တင်ရန် လူထုအားကစားကို အခြေခံဖြင့် ပထမ၊ မဆောင်းသဇင် (သမီးပျို)က ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ဖြင့် ဒုတိယ၊ ဦးဌေးလှိုင် (ခန့်ကျော် ထင်လှိုင် - လွိုင်ကော်)က ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲမှသည်ဖြင့် တတိယ၊ ဦးခင်မောင်ထွန်း (မင်းသွေးနွယ်-ဇီးကုန်း)၊ ဦးမျိုးဝင်း (ဘိုမျိုး-ရွှေဘို)၊ ဦးညိုဝင်း (မောင်မိုးလှိုင်-သစ္စာမြေ)၊ ဦးကျော်နိုင် (လုလင်-မှော်ဝန်းမြေ)၊ ဦးထွန်းအောင်ကျော် (စွမ်းဝေ-ဇီးကုန်း) တို့က နှစ်သိမ့်ဆုကိုလည်းကောင်း။

ဓာတ်ပုံပြိုင်ပွဲတွင် ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း) က ပထမ၊ ဌေးဝင်း(ရမ္မာဝတီ)က ဒုတိယ၊ ဒေါက်တာ မြတ်ဇော်ဟိန်းက တတိယ၊ အောင်ကျော် ထွန်း (ပုသိမ်ကြီး) က နှစ်သိမ့်ဆု (၁)နှင့် နှစ်သိမ့်ဆု (၂)၊ မျိုးမင်းကြွယ် (ရွှေတောင်ကြား)က နှစ်သိမ့်ဆု (၃)၊ အထူးဆုများအဖြစ် မျိုးမင်းကြွယ် (ရွှေတောင်ကြား)၊ စိုင်းအောင်မြတ် (တောင်ကြီး)၊ သန်းလှိုင်ဦး၊ ဒေါက်တာ မြတ်ဇော်ဟိန်း၊ နိုင်ထူးအောင်၊ အောင်မြတ်မင်း (ပြန်/ဆက်)နှင့် အောင်ကျော်ထွန်း (ပုသိမ်ကြီး)တို့က လည်းကောင်း ဆွတ်ခူးရရှိသည်။

ဆုပေးပွဲ ကျင်းပမည့်ရက်ကို ဆုရရှိသူများထံ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကာ အသေး စိတ်သိရှိလိုပါက ဖုန်း ၀၆၇- ၈၁၀၄၃၃၄၊ ၀၆၇- ၈၁၀၄၃၃၅၊ ၀၉-၂၀၀၂၁၉၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်