Skip to main content

M-9 တွင် Geophysical Site Investigation (Gsi) လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ ရေကြောင်း သတိပေးချက်ထုတ်ပြန်

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9 တွင် Geophysical Site Investigation(GSI) လုပ်ငန်းများကို Survey vessel: R/V PTSC Researcher (Call Sign: 3WJZ) ရေယာဉ်ဖြင့် (၁၄.၁၂.၂၀၁၉) ရက်နေ့မှ (၃၁.၃.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၂၈.၁၁.၂၀၁၉) ရက်စွဲဖြင့် ရေကြောင်းသတိပေးချက် ထုတ်ပြန် ကြေညာထားပြီးဖြစ်သော်လည်း ယခုအခါ လုပ်ငန်းအခြေအနေအရ မူလတင်ပြခဲ့သည့် တည်နေရာများအတိုင်း လုပ်ငန်းဆောင်ရွက်ရန် လုံလောက်မှု မရှိပါသဖြင့် အဆိုပါလုပ်ကွက်အမှတ် M-9 တွင်ပင် တည်နေရာများ ထပ်မံတိုးချဲ့တိုင်းတာရန်နှင့် တိုင်းတာရေးလုပ်ငန်းများအား Point 1. Prospect. M9-ZTK-02/03/04 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၄ မိနစ် ၅၉ ဒသမ ၇၆၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ၄၈ ဒသမ ၈၇၀ စက္ကန့်၊ Point 2. M9-ZTK-21/22 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၁ မိနစ် ၄၆ ဒသမ ၅၆၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၃ မိနစ် ၁၇ ဒသမ ၄၈၀ စက္ကန့်၊ Point 3. M9-KKN-30 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၄ မိနစ် ၃၅ ဒသမ ၃၅၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၄၆ ဒသမ ၄၉၀ စက္ကန့်၊ Point 4. M9-GTK-34/34A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၈ မိနစ် ၀၆ ဒသမ ၆၆၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၈ မိနစ် ၂၁ ဒသမ ၈၃၀ စက္ကန့်၊ Point 5. M9-KKN-33 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၅ မိနစ် ၀၇ ဒသမ ၅၅၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၉ မိနစ် ၁၇ ဒသမ ၁၃၀ စက္ကန့်တွင် (၃၁.၃.၂၀၂၀) ရက်နေ့မှ (၁၄.၄.၂၀၂၀) ရက်နေ့အထိ ဆောင်ရွက် သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ (၃၁.၃.၂၀၂၀) ရက်နေ့မှ (၁၄.၄.၂၀၂၀) ရက်နေ့အထိလုပ်ငန်း ဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြ ပါလုပ်ငန်းခွင်တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။