ဘားအံ မတ်လ ၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉နာရီတွင် ကရင်ပြည်နယ်တိုင်းရင်းသား လူမျိုးများရေးရာရုံး၌ ပြုလုပ်သည်။
တွေ့ဆုံရှင်းလင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအိအိဟန်က တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှုထိရောက် အောင်မြင်မှုခြေအနေ သုတေသနဆောင်ရွက်မှုအခြေအနေ သုတေသနဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်နယ်တာဝန်ခံညွှန်ကြာရေးမှူး ဦးကျော်မင်းထွဋ်က တိုင်းရင်သားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ဆွေးပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာနက တိုင်းရင်းသားဘာသာစကား ၆၃ မျိုးကို ကျောင်းပေါင်း ၁၄၀၀၈ တွင် ဆရာ/ဆရာမ ၃၁၇၄၂ ဦးဖြင့် တိုင်းရင်းသားကလေးငယ် ၈၄၈၄၈၀ ဦးကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ကရင်ပြည်နယ်မှာတော့ သင်ကြားရေးအထောက်အကူပြု ဆရာ(TA)၁၃၁၈ဦး၊ ဘာသာစကား သင်ဆရာ (LT) ၁၆၄၆ဦး၊ စုစုပေါင်း ၂၉၆၄ ဦးဖြင့် ကျောင်းသားကလေးငယ်၁၀၀၃၀၆ ဦးကို သင်ကြားပေးနေပါကြောင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈ -၂ ၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစကား ၃၇ မျိုးအတွက် တိုင်းရင်းသား ဖတ်စာအုပ်များကို အခြေခံပညာ ဦးစီးဌာနက အခဲ့မဲ့ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၂၀၁၆-၂၀၁၇ပညာသင်နှစ်မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အထိ တိုင်းရင်းသားဘာသာစကားသင်ကြားပြသသော ဆရာများလစာငွေ ချီးမြှင့်ခြင်းနှင့် ပုံနှိပ်ခြင်းအတွက် ဘဏ္ဍာငွေကျပ် ၄၀.၂၁၅ ဘီလီယံကို အသုံးပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် ပညာရေးမှူးရုံး၏ စီစဉ်ပံ့ပိုးမှုဖြင့် ဒေသသင်ရိုးညွှန်းတမ်း စာအုပ်များကိုလည်းပြုစုပြီး မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးမှုဖြင့် စာပေယဉ်ကျေးမှု ကော်မတီများနှင့် ပူးပေါင်းလျက် တိုင်းရင်းသားဘာသာစကားသင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှုအခြေအနေ သုတေသနကို ၂၀၁၉ ခုနှစ်က ပြည်နယ် ၇ ခုတွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား - မြန်မာ အဘိဓာန်များ ကိုလည်းပူးပေါင်းထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားရေးအထောက်အကူပြုမြန်မာ တိုင်းရင်းသား - အင်္ဂလိပ်ပုံပြအဘိဓာန်များနှင့် ပုံပြဝေါဟာရကားချက်များကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားသင် ကျောင်းများသို့ ဖြန့်ဝေပေးခဲ့ပြီး တိုင်းရင်သားကလေးများ အတွက် Grade 1, Grade 2, Grade 3 မြန်မာ ဖတ်စာအုပ် သင်ထောက်ကူ Audioအသံထွက်ကို ဆော့ဖ်ဝဲလ်များပြုစုကာ Online မှ အခမဲ့ဖြန့်ဝေပေးနေပါကြောင်း၊ စိတ်စွမ်းအားဖြည့် နှလုံးသား အာဟာရစာစုများကို မူ၊ လယ်၊ ထက်အဆင့်ပြုစုကာ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေခဲ့ ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ တိုင်းရင်းသားလူမျိူးရေးရာကော်မတီများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)