ဆီဆိုင် မတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာရှိ မီးဘေးသင့်ခဲ့သော အခြေခံပညာအထက်တန်းကျောင်းသပြေဆောင်အတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့က အလှူငွေ ကျပ်သိန်း ၃၀ ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်ကကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က အလှူငွေ ကျပ်သိန်း ၃၀ ကို နောင်ထော်အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)